Category Archives: News
-
သထုံခရိုင်ဦးစီးမှူးရုံးမှ ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့်သထုံခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့မှစ၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၃၇)ခုသို့ပြောင်းရွေ့ခဲ့ရသည့် ရပ်ကွက်(၅)ခု၊ ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၁၆၆၁)လုံး၊ အိမ်ထောင်စု(၁၆၆၁)စုမှ လူဦးရေ(၇၀၀၅)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၁၀,၅၀၀/-)ကျပ်အား (၇-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)မှ-ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူလိုက်ပါ၍သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fld # mon_aug 2019
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၁၉)၊ (၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
(က) အားကောင်းသော မုန်တိုင်းငယ်အခြေအနေ ++++++++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ (Digha)၏ တောင်-အနောက်တောင်ဘက် မိုင် (၃၀) ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် (၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကာ အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ (၂) အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ … Read more
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ +++++++++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၅)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ++++++++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ … Read more
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အတ္ထရံမြစ်ရေမြင့်တက်မှုကြောင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉)ရက်နေ (၀၆:၀၀)နာရီအချိန်တွင် အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် ကလိုင်းကနိုင်ကျေးရွာ၊ ပက်ကလက်တောင်တို့မှ ရေဘေးင့်ပြည်သူများသည် ကျိုက်မရောမြို့၊ ရသေ့ကျောင်းတိုက် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့လာသော အိမ်ထောင်စု(၂၆)စု လူဦးရေ(၉၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၀၅၈၀၀/-)ကျပ်ကို (၆-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_fld # mon_aug 2019
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။ သို့ဖြစ်ပါ၍ ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါတယ်။
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင်ကျေး ရွာ၌ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၃) လုံး၊ အိမ်ထာင်စု (၃) စုမှ လူဦးရေ (၁၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ သစ်တော်ကျေးရွာတွင် (၅-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၂)စုစာတို့ကို (၆-၈-၂၀၁၉)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe # mgy_aug 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ နှင့် သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာတို့၌ (၂-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ဘေးသင့်နေအိမ် (၃၂) လုံး၊ အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၄၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၀၄,၅၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ် မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၇) ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ … Read more









