သထုံခရိုင်ဦးစီးမှူးရုံးမှ ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့်သထုံခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့မှစ၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၃၇)ခုသို့ပြောင်းရွေ့ခဲ့ရသည့် ရပ်ကွက်(၅)ခု၊ ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၁၆၆၁)လုံး၊ အိမ်ထောင်စု(၁၆၆၁)စုမှ လူဦးရေ(၇၀၀၅)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၁၀,၅၀၀/-)ကျပ်အား (၇-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)မှ-ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူလိုက်ပါ၍သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_fld

# mon_aug 2019

Sign Up

Upcoming Events