လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ် မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၇) ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့အိမ်ထောင်စု (၅၈) စုမှ လူဉ်ီးရေ (၂၈၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၉၂,၂၀၀/-) ကျပ်တို့ကိုလည်းကောင်း (၆-၈-၂၀၁၉) ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ha_fld
#krn_aug2019
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)