Category Archives: News
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ဆည်တော်ဦးကျေးရွာနှင့် ထောက်ကြန့်ကျေးရွာတို့၌ (၁၂-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၅,၁၀၀/-) ကျပ်အား (၁၄-၈-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ လေဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာနှင့် ကျုံကကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_aug 2019
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကက္ကူကြီး (တောင်)ကျေးရွာနှင့် ကွင်းချောင်းကျေးရွာအုပ်စု၊ မကျီးတော ကျေးရွာတို့၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ တို့ကို … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၉)ခုသို့ ထပ်မံပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ(၂၀၁)လုံး၊ အိမ်ထောင်စု(၂၀၁)စုမှ လူဦးရေ(၉၃၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၅,၃၀၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_aug 2019
-
မြေပြိုမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နှင့် မုကျိကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၅၆,၇၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_lsd #mon_aug 2019 Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် ပေါက်ဆိန်ပဲ့ကျေးရွာအုပ်စု၊ ဗျဉ်းကြားရိုးကျေးရွာတို့တွင် (၇-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သည် နေအိမ်(၃)လုံး၊ စုစုပေါင်းနေအိမ် (၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး (၃၂၃၅၃/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်စုစုပေါင်းရန်ပုံငွေ (၂၇၇၃၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉) ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ Source; ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၁၁-၈-၂၀၁၉)ရက်နေ့နှင့် (၁၂-၈-၂၀၁၉)ရက်နေ့အတွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်း(၅)ခုသို့ ပြောင်းရွှေ့ရောက်ရှိနေကြသည့် ရေဘေးသင့် အိမ်ထောင်စု(၂၇၂)စုမှ လူဦးရေ(၉၂၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း(၁၉၃၄၁၀၀/-) ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bgo_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)အချိန်မှ(၁၁း၃၀)အချိန်အထိ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ အင်အား(၂၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈)မျိုး၏ ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019









