Category Archives: News
-
ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့်ဒေသခံပြည်သူများအားဆက်လက်ထောက်ပံ့ပေးအပ်
ဩဂုတ်၂၂၊စစ်တွေ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကယနေ့ညနေပိုင်းတွင်ထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက်နိုင်ငံတော်အစိုးရကကူညီထောက်ပံ့မှုများ ပေးအပ်လျက် ရှိရာ ထောက်ပံ့ငွေပေးအပ်ပွဲကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ငွေ (၁၅၆၅.၈၂) သိန်းအားထောက်ပံပေးအပ်ရာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကလက်ခံခဲ့ပါသည်။ ထောက်ပံ့မှုများကို ၂၀၁၈ခုနှစ်ဒီဇင်ဘာလ၊ တတိယ ပတ်မှ စတင်၍ဆန်ရိက္ခာဖိုးငွေများကိုထောက်ပံ့ပေးအပ်ခဲ့ပြီးယခုအကြိမ်သည် (၆) ကြိမ်မြောက်ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။ တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၇၆၀၃၉) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့(၀၉းဝဝ)နာရီမှ(၁၀း၃၀)နာရီအထိ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ကျုံပေါကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ပြည်သူလူထု(၁၅၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source း မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ပြည်သူလူထု(၆၀)ဦးကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_aug 2019 Source း နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီထိ မိုင်းဆတ်မြို့နယ်၊ မယ်နင်ရွာ(အ.လ.က-ခွဲ)ကျောင်းတွင် ကျောင်းသူ၊ကျောင်းသား အင်အား(၆၀)ဦး ကို သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source း မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်မြောက်ရပ်ကွက် ဝမ်းကျောင်းရပ်တွင် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်। လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးပါ(၁)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့မှု (၂၆၆၃၅၃/-)ကျပ်အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၀၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ အောင်သုခကျေးရွာတွင် ပြည်သူလူထု(၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_aug 2019
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်သင်တန်းသား(၅၀)ဦးဖြင့်(၂၂-၈-၂၀၁၉) ရက်နေ့ နံနက်(၉း၀၀)အချိန်တွင် လဲချားမြို့ထွထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး သင်တန်းသား/သူများမှ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် (၂၃-၈-၂၀၁၉)ရက်နေ့တွင် ဆက်လက် ကျင်းပရန်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug 2019 Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် လဲချားမြို့နယ်(အ.ထ.က-ခွဲ) နောင်မိန်း၌ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများအား ပြုလုပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်တောင်ရပ်ကွက်၊ အ.ထ.ကခွဲ(၂)ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား အင်အား(၈၀)ဦးတို့အား သဘာဝဘေးအန္တာရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug2019









