Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Mines Advisory Group (MAG) အဖွဲ့မှ လာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mines Advisory Group (MAG) အဖွဲ့မှ Country Director ဖြစ်သူ Mr. Bekim Shala ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ဂါရဝပြု လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလှုပ်ရှား ဆောင်ရွက်ချက်များ၊ နော်ဝေနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းအသိပညာပေးဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာခြင်း များအပါအဝင် လူသားချင်းစာနာသော မိုင်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်သော … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉)ရက်နေ့တွင် ခရမ်းမြို့နယ်၊ ဘိုကလေးကျေးရွာ၊ အထက်တန်းကျောင်းခွဲရှိ cyclone shelter တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၅၀)ဦးကျော်တို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးဟောပြောခဲပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019
-
ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မိတ္တီလာမြို့ဦးဆောင် စေတနာရှင်များအဖွဲ့နှင့် ရဟန်းရှင်လူ မြို့သူမြို့သားများက လှူဒါန်းငွေကျပ် (၄၂,၆၈၆,၇၅၀/-) (ကျပ်လေးရာနှစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း ခြောက်ထောင်ခုနှစ်ရာ့ငါးဆယ်တိတိ/-)နှင့် တမီလ်ပါရ်ကဝဲကုလလူမှုဖွံ့ဖြိုးရေးအဖွဲ့က လှူဒါန်းငွေ ကျပ် (၅,၀၀၀,၀၀၀/-) (ကျပ်သိန်းငါးဆယ် တိတိ/-) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_aug2019 နေပြည်တော်၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉)ရက်နေ့တွင် ခရမ်းမြို့နယ်၊ ရေကျော်ကျးရွာ၊ အထက်တန်းကျောင်းခွဲ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၀၀)ဦးကျော်တို့အား သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးဟောပြောခဲပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာ၌ (၂၆-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၆)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၇၀၀,၀၀၀/-)ကျပ်တို့ကို (၂၇-၈-၂၀၁၉)ရက်နေ့၊ (၁၂း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းတို့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၂၇-၈-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ (အ.ထ.က) ကန်ပြားကျေးရွာ၌ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၃၀၀) ဦးပူးပေါင်းပါဝင်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #simex_eqk #mgy_aug2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ နှင်းဆီလမ်း၌ (၂၆-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်တို့ကို (၂၇-၈-၂၀၁၉)ရက်နေ့တွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်နှင့်တောင်အောက်ကျေးရွာတို့၌ (၂၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ပျက်စီးဘာသာရေးအဆောက်အဦ (၁)လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး (၃)အိမ်ထောင်စုစာ၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ဘေးသင့်လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၈,၃၀၀/-)ကျပ်တို့ကို (၂၆-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #kyh_aug2019 … Read more
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်ထုတ်ပြန်သည့် မြစ်ရေကြီးမှု အခြေအနေသတင်း
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် +++++++ သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်သစ္စာ ရပ်ကွက်၌ (၂၃-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၂၄-၈-၂၀၁၉) ရက်နေ့၊ (၁၈း၀၀)အချိန်တွင် ကလေးမြို့နယ်၊ ပျဉ်းတောဦးအုပ်စု၊ မြစိမ်းရွာအနီး မန်လုံချောင်းအတွင်း ရေနစ်သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်တို့ကိုလည်းကောင်း (၂၆-၈-၂၀၁၉) ရက်နေ့၊ … Read more









