Category Archives: News
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ပြီးစီးမှုအခြေအနေ
ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်တစ်ခုအတွက် ပြင်ဆင်ထားမှုအခြေအနေအား လေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန်၊ ဘေးအန္တရာယ်ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးချိန်များတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို လေ့ကျင့်တတ်စေရန်၊ Inclusiveness (ထိခိုက်လွယ်အုပ်စု) များကို ဇာတ်တိုက်လေ့ကျင့်ခြင်းမှာ ထည့်သွင်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများသည် သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ကညင်ကုန်း ကျေးရွာရှိ School Cum Shelter … Read more
-
ကျောင်းသား/သူများအား သဘာဝဘေး အသိပညာပေးဟောပြောပွဲဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၉)ရက်နေ့ မြဝတီမြို့နယ်၊ မင်းလက်ပံကျးရွာ၊ အထက်တန်းကျောင်းခွဲတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၅၀)ဦးကျော်တို့အား သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေးဟောပြောပွဲနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာများအား သွားရောက်ဟောပြောဆာင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #ar #krn_sep2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ (၁၂-၉-၂၀၁၉)ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်သာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာနှင့် တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် DAN mobile application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_sep2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်နှင့် (UEHRD) ပြည်ထောင်စုစီမံကိန်းတို့အတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
နေပြည်တော်၊စက်တင်ဘာ၁၂ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများကြောင့် ဘေးသင့်ဒေသ များအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် မြန်မာအသိုက်အဝန်းမိသားစုများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၄၀,၀၀၀) နှင့် ရခိုင်ပြည်နယ်လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားမိသားစုကလှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃၀၀) တို့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကလည်းကောင်း၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းက ငွေကျပ်သိန်း (၆၀)နှင့် မြန်မာနိုင်ငံ အမြန်လမ်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နံှမှုကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း (၂၀၀) ကိုလည်းကောင်း ယနေ့မွန်းလွဲ … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၁၂)ရက်နေ့ ဖျာပုံမြို့နယ် အမာမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူ(၆၅၀)ဦးအား မုန်တိုင်းဘေး ၊မိုးကြိုးဘေး၊ ဆူနာမီဘေးဆောင်ရန်ရှောင်ရန်များ ဟောပြောခြင်း၊ မုန်တိုင်းဇာတ်တိုက်လေ့ကျင်မှုများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးကာကွယ်ရေးနှင့် မီးငြိမ်းသတ်မှုများ လက်တွေ့သရုပ်ပြခြင်းများခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီမှ (၁၁း၀၀)အထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ၊ အမှတ်(၁) အ-လ-က ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/သူ(၄၂၈)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ငလျင်လှုပ်ခတ်နေစဥ ်ဆောင်ရန်ရှောင်ရန်များကို လက်တွေ့သရုပ်ပြသခြင်း၊လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ထပ်တိုး အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၉.၂၀၁၉) ရက်နေ့တွင် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့ရှိ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း(၄)ခုမှထပ်တိုးအိမ်ထောင်စု (၅)စု ၊လူဦးရေ(၂၀) ဆန်ရိက္ခာ(၇)ရက်စာ ဆန်ဖိုးငွေ (၄၂၀၀ဝိ/-)ကျပ်အား (၁၂.၉.၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီ ရေဘေးသင့်ပြည်သူထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_fld #mon_sep2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ချောင်းဂွကျေးရွာအုပ်စု၊ မကျီးစုကျေးရွာအုပ်စုနှင့် အလယ်ပိုင်းရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု(၃၁၇)စုရှိ လူဦးရေ( ၁၁၄၅)ဦးအတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၄၀၄၅၀ဝိ/-) ကျပ်တိတိအား (၁၂-၉-၂၀၁၉ ) ရက်နေ့နံနက် (၁၂:၀၀) အချိန်တွင်ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေဘေးသင့်သေဆုံးသူအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်မျောပါသေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-) ကျပ်အား (၁၂-၉-၂၀၁၉ ) ရက်နေ့နံနက် (၁၂:၀၀) အချိန်တွင်ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_fld #bgo_sep2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးဆိုင်းဘုတ်တင်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၉-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇီးကုန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဇီးကုန်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ ပြည်သူများနှင့် ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးဆိုင်းဘုတ်တင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #bgo_sep2019









