Category Archives: News
-
ဒုတိယဝန်ကြီး ဦးစိုးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် ‘‘ UN-SPIDER ”ရုံး၏ (၁၀)နှစ်ပြည့်အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အတွက် အာကာသအခြေပြုနည်းပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် စက်တင်ဘာလ (၁၁)ရက်နေ့ မှ(၁၂)ရက်နေ့အထိ ကျင်းပခဲ့သော ပေကျင်းမြို့အခြေစိုက် UN_SPIDER ရုံး၏(၁၀)နှစ်ပြည့် အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် အာကာသအခြေပြုနည်းပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့ ပါသည်။ UN_SPIDER ရုံး၏ (၁၀)နှစ်ပြည့် အခမ်းအနားနှင့် ညီလာခံဖွင့်ပွဲကို တရုတ်နိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.Zheng Guoguang မှ ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးဦးစိုးအောင်ကလည်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ (၁၄) ရက်နေ့တွင် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDP စခန်း (၆) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၉၉)စု၊ လူဦးရေ (၁၉၇၄)ဦး အတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာ၊ တန်ဘိုး (၁၀,၆၁၂,၉၈ဝိ/-)အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_sep2019 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထ္တရံမြစ်ရေလျှံတက်သဖြင့် ရေဘေးသင့်ခဲ့သော ကျိုက်မရောမြိုနယ်၊ ကျုံစိန်ကျေးရွာအုပ်စု ကောလင်းကျေးရွာမှ အိမ်ထောင်စု(၃၅)စုအတွက် ဦးစီးဌာနရုံးချုပ်မှ ပေးပို့လာသော အလှူပစ္စည်းများမှ (၁)အိမ်ထောင်လျှင် ဆန်(၅)ပြည်၊ ခေါက်ဆွဲခြောက်(၁၉)ထုပ်တို့ကို (၁၄-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_sep2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် မိုးနဲမြို့နယ်ထွေအုပ်ရုံးခန်းမ၌ လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အင်အား(၇၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မဒေါက်တိုင်တရာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျာင်းထိုင် ဘုန်းတော်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများအားတွ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၄၆၀၉)ဦးအတွက် ဆန်ရိက္ခာဘိုးငွေကျပ်( ၉,၆၇၈,၉၀၀ )၊ ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုကော်မတီကို တာပေါ်လင် လိပ် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၁၁)စု၊ လူဦးရေ (၄၅၀၁)ဦး အတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာ၊ တန်ဘိုး (၂၃၆၂၄၂၂ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_sep2019 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဝန်ထမ်းအိမ်ယာနှင့် School Shelter ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးစဝီလီဖရန့်သည် (13-9-2019)ရက်နေ့တွင် မော်လိုက်ခရိုင်ဦးစီးမှူးရုံး (၄)ခန်းတွဲ(၂)ထပ်၊ (100×40×24)ပေ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု အခြေအနေနှင့် မော်လိုက်မြို့နယ်၊ ကြာအင်းကျေးရွာအထက်တန်းကျောင်းဝန်းအတွင်း တည်ဆောက်နေသော School Shulter ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_sep2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မိုင်းပန်မြို့ မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက မိုင်းပန်မြို့နယ် ထွေအုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးမှ အမှာစကားပြောကြားခြင်း လူမှုဝန်ထမ်းနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်မှူးများ၊ ပြည်နယ်အမျိုးသမီးများနှင့်ကလေးငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပြည်နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခြင်း၊ လာသူများမှဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အင်အား(၉၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မောက်မယ်မြို့တွင် မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက မောက်မယ်မြို့နယ်ထွေအုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးမှ အမှာစကားပြောကြားခြင်း လူမှုဝန်ထမ်းနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်မှူးများ၊ ပြည်နယ်အမျီုးသမီးများနှင့်ကလေးငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပြည်နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှတာဝန်ရှိသူများမှ တာဝန်ရှိသူများမှရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တက်ရောက်လာသူများမှဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အင်အား(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ သံပုရာချောင်းကျေးရွာ၌ (၁၂-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၁၆)လုံး အိမ်ထောင်စု (၁၆)စုမှ လူဦးရေ (၈၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန် ပုံငွေ (၁၆၈၀၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၇၆၈၀၀ဝိ/-) အား (၁၃-၉-၂၀၁၉) ရက်နေ့ (၁၃း၂၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









