Category Archives: News
-
Myanmar Unified platform for Disaster Risk Application (MUDRA) အား ဌာနဆိုင်ရာ အသီးသီးသို့ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား
နိုဝင်ဘာ ၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆက်စပ်ဦးစီးဌာနများနှင့် Asian Development Bank (ADB) တို့ ပူးပေါင်း၍ ကနေဒါနိုင်ငံအစိုးရ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပြည်သူလူထု ရာသီဥတုနှင့် ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးအတွက် နည်းပညာစီမံကိန်းအား ၂၀၁၇ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါနည်းပညာစီမံကိန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် Myanmar Unified platform for Disaster Risk Application (MUDRA) (မုဒြာ) ဟု အမည်ပေး … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၁၉)
Source: DMH (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်) (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘာဘ်ဘယ်”(BULBUL)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ် မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၆၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၃၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ (Pathein) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်ရန် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၀) စု၊ လူဦးရေ (၇၂) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၁၀) အိတ်၊ (၁၂) ပြည်အား (၇-၁၁-၂၀၁၉)ရက်နေ့တွင်ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_otr #rke_nov2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများနှင့် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်နှင့် လက်ကမ်းစာစောင်များ သွားရောက်ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၁-၂၀၁၉) ရက်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရှိ စာကြည့်တိုက်တွင် အများပြည်သူများလေ့လာနိုင် အတွက် သဘာ၀ဘေးအသိပညာပေးဗီနိုင်းပိုစတာများနှင့် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်နှင့် လက်ကမ်းစာစောင်များ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #tny_nov2019 source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှုးရုံး(ဘစမ)
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်) (မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++++++++ (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ +++++++++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်းသို့ ရောက်ရှိကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင် -အရှေ့တောင်ဘက် ရေမိုင် (၃၉၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) … Read more
-
ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်မှ ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတွေ့ဆုံ
နိုဝင်ဘာ ၆ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဦးစီးဌာနအသီးသီးမှတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ ပညာသင်ယူခဲ့သော ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အားလုံး သာတူညီမျှခံစားရရှိရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် လူမှုရေးရာဒုက္ခခံစား နေရသူများ၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သော ဘေးများကြောင့် ဒုက္ခခံစားနေရသူများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကိစ္စများတွင် ပြန်လည်ထူထောင်ပေးရန်လိုအပ်သူများကို စေတနာ၊ … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်) (မြန်မာစံတော်ချိန်(၀၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++++ (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ++++++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့ (Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၂၀) မိုင်ခန့်၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့(Pathein)၏ … Read more
-
အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++ (က) အားကောင်းသော မုန်တိုင်းငယ်အခြေအနေ +++++++++++++++++++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ၊ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့ (Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၁၀) မိုင်ခန့်၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၃၅)မိုင်ခန့်၊ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၉) ရက်နေ့နှင့် (၅-၁၁-၂၀၁၉) ရက်နေ့တို့တွင် ချင်းတွင်းမြစ်ရေတိုက်းစားမှုကြောင့် နွယ်နီကျေးရွာအုပ်စု နွယ်နီကျွန်းကျေးရွာနှင့်မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့တွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၁) အိမ်၊ အိမ်ထောင်စု (၂၁) စုမှ လူဦးရေ (၉၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀၀,၀၀၀) ကျပ် နှင့် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၉၁,၁၀၀) ကျပ်တို့အား (၆-၁၁-၂၀၁၉) ရက်နေ့တွင်ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်းရေးဌာနအစည်းအဝေးခန်းမ၌ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဒီလှိုင်းကျေးရွာအုပ်စု၊ ပေါက်ချောင်းကျေးရွာတွင် အမိုးလန် နေအိမ် (၁၄) လုံးနှင့် ရွှေလောင်းကျေးရွာအုပ်စု၊ ရွှေလောင်းကျေးရွာတွင် အမိုးလန်နေအိမ် (၁၃)လုံး၊ စုစုပေါင်း နေအိမ် (၂၇) လုံး အမိုးလန်ပျက်စီးခဲ့ရာ ၎င်းနေအိမ် များရှိ ဘေးသင့်လူဦးရေ (၁၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀,၀၀ဝ/-) ကျပ်အား (၆-၁၁-၂၀၁၉) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် မင်းလှမြို့နယ် … Read more









