
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်ရန် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၀) စု၊ လူဦးရေ (၇၂) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၁၀) အိတ်၊ (၁၂) ပြည်အား (၇-၁၁-၂၀၁၉)ရက်နေ့တွင်ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)