လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဒီလှိုင်းကျေးရွာအုပ်စု၊ ပေါက်ချောင်းကျေးရွာတွင် အမိုးလန် နေအိမ် (၁၄) လုံးနှင့် ရွှေလောင်းကျေးရွာအုပ်စု၊ ရွှေလောင်းကျေးရွာတွင် အမိုးလန်နေအိမ် (၁၃)လုံး၊ စုစုပေါင်း နေအိမ် (၂၇) လုံး အမိုးလန်ပျက်စီးခဲ့ရာ ၎င်းနေအိမ် များရှိ ဘေးသင့်လူဦးရေ (၁၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀,၀၀ဝ/-) ကျပ်အား (၆-၁၁-၂၀၁၉) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးအစည်းအဝေးခန်းတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_nov2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)