Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးစတုတ္ထအကြိမ်မြောက်ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာပြန်လည်သုံးသပ်မှုညီလာခံတွင်မိန့်ခွန်းပြောကြား
နိုဝင်ဘာ ၂၇၊ နော်ဝေ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံသို့ တက်ရောက်လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူ စာချုပ်ကို စောင့်ကြည့်လေ့လာဆဲနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိုင်းအန္တရာယ်နှင့် ပတ်သက် သည့် ဆောင်ရွက်နေမှုများကို ယမန်နေ့ နိုဝင်ဘာ (၂၆) ရက်နေ့က ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုကဲ့သို့ မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည် သုံးသပ်သည့်ညီလာခံကို မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးအဆင့်ဦးဆောင်၍ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)နီးပါးခန့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာအုပ်စု၊ ကျုံတိုင်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်မိ/ရပ်ဖနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး(၈)မျိုး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇ -၁၁ – ၂၀၁၉ ) ရက်နေ့တွင် ဆီဆိုင်မြို့နယ် အ.ထ.က (ဘန်းယဉ်)၌ ကျောင်းသား/ သူ (၃၀၀) ဦးအား ( ၀၉ : ၃၀ ) အချိန်မှ ( ၁၁ : ၀၀ ) အချိန်ထိ သဘာဝဘေးအသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊ပညာပေးဗွီဒီယိုပြသခြင်း ၊ သရုပ်ပြသ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၉) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်အထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(နွားလဝိုး)ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးကို သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးဇာတ်တိုက်လေ့ကျင်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေး ဦးစီးဌာနနှင့် ဇမ္ဗူသီရိလူမှုရေးအသင်းတို့ဖြင့် ပူးပေါင်း၍ (၂၇-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ထား၀ယ်မြို့၊ အ.ထ.က (၂) ကျောင်း၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား စုစုပေါင်း ကျောင်းသား/ သူအင်အား (၄၀၀) ဦးခန့်ဖြင့်လေ့ကျင့်ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးဦးစီးဌာန၊ ဇမ္ဗူသီရိလူမှုရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၇-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ထား၀ယ်မြို့၊ အ.ထ.က(၂)ကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတို့ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကျောင်းသား/သူ (၄၀၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #tny_nov2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ငါးဖား ကျေးရွာအုပ်စု၊ ငါးဖားကျေးရွာတွင် (၂၂-၁၁-၂၀၁၉) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-) ကျပ်၊ family kits (၁) ပုံးနှင့် ကလေးကျောင်းဝတ်စုံ(ကျား) (၃) စုံတို့ကို (၂၇-၁၁-၂၀၁၉) ရက်နေ့ (၁၂:၀၀)နာရီ အချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉)ရက်နေ့၊ (၀၉:၀၀)ချိန်မှ (၁၁:၀၀) ချိန်အထိ လယ်ဝေးမြို့နယ်၊ အ.ထ.က (၁) စာသင်ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲ နှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/ သူ (၁၉၀) ဦးအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိ ပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_nov2019 … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ ဂန္ဓာရီတော ရ ပရဟိတကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၀) စု၊ လူဦးရေ (၁၄၆) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ၊ဆန် (၂၁) အိတ်၊ (၇) ပြည်အား (၂၇ – ၁၁ – ၂၀၁၉ )ရက်နေ့တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_otr … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့၊ (အ.ထ.က) ပန်းတောင်း၌ (၂၇-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ နံနက် (၁၁:၀၀) နာရီအချိန်အထိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးတို့အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူမျာအား လက်ကမ်းစာစောင်များ၊ ဗလာ စာအုပ်များဝေငှခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ ငလျင်ဘေးဗီနိုင်းပိုစတာ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









