လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေး ဦးစီးဌာနနှင့် ဇမ္ဗူသီရိလူမှုရေးအသင်းတို့ဖြင့် ပူးပေါင်း၍ (၂၇-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ထား၀ယ်မြို့၊ အ.ထ.က (၂) ကျောင်း၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား စုစုပေါင်း ကျောင်းသား/ သူအင်အား (၄၀၀) ဦးခန့်ဖြင့်လေ့ကျင့်ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_nov2019
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)