Category Archives: News
-
ဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၂.၂၀၁၉)နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စုကျုံကဒွန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျေးရွာသူ/သား(၁၀၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: ဖျာပုံရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၂..၂၀၁၉)ရက်နေ့၌ သရက်မြို့နယ်၊ မဒင်းကျေးရွာအုပ်စု၊ မဒင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mgy_dec2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၁၉) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ ဉီးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၁၉) အား (၁၈.၁၂.၂၀၁၉) ရက်နေ့မှ (၂၀.၁၂.၂၀၁၉) ရက်နေ့အထိ သင်တန်းသား/သူ (၃၀) ဉီး ဖြင့် သထုံမြို့နယ် ၊ သုဝဏ္ဍခန်းမတွင် ဖွင့်လှစ်ခဲ့ရာ (၂၀.၁၂.၂၀၁၉) ရက်နေ့၊ (၁၆:၃၀)နာရီတွင် သင်တန်းဆင်းပွဲ ပြုလုပ်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ဒီဇင်ဘာ ၂၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Dan Chugg အား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဒီဇင်ဘာလ(၁၂)ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့မှုအနေနှင့် အစိုးရအပြောင်းအလဲများ၊ ဗြိတိန်နိုင်ငံတွင် ကျင်းပရန် လျာထားသည့် “Preventing Sexual Violence in Conflict International Conference” ညီလာခံအား ရက်ရွှေ့ဆိုင်းခဲ့ရခြင်းနှင့် ညီလာခံပြန်လည်ကျင်းပနိုင်ရန် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် WFP Myanmar မှ Country Director တို့အား သီးခြားစီလက်ခံတွေ့ဆုံမှုသတင်း
ဒီဇင်ဘာ ၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း ရေးမှူးဖြစ်သူ Mr. Ola Almgren နှင့် WFP Myanmar မှ Country Director ဖြစ်သူ Mr. Stephen Anderson တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံကြပါသည်။ ရှေးဦးစွာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ola Almgren နှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၉) ရက်နေ့၌ သရက်မြို့နယ်၊ မဒင်းကျေးရွာအုပ်စု၊ မဒင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့တွင် ဝေါလေမြိုင်မြို့၊ (အ.ထ.က) ကျောင်း တွင် ကျောင်းသား/ကျောင်းသူ ဦးရေ (၁၀၀) ကျော်အား သဘာဝဘေး အသိပညာပေးဟောပြောခြင်း၊ တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် စုကလိမြို့၊ (အ.ထ.က) ကျောင်း တွင် ကျောင်းသား/ကျောင်းသူ ဦးရေ (၁၀၀) ကျော်အား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ တက်ရောက်လာသူများအား အသိ ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိ ပါသည်။ #ar #krn_dec2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၃၀)နာရီမှ (၁၁:၀၀) နာရီအချိန်အထိ မဲလံဂေါင်းကျေးရွာ၊ လူနားနေဆောင်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား/ကျောင်းသူနှင့် ဆရာမများရွာသူရွာသားများ စုစုပေါင်း အင်အား (၁၀၀) ဦးဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သော သိကောင်းစရာများ၊ ရေဘေးမုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_dec2019









