Category Archives: News
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၉-၁၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံ မြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၂၃) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_dec2019
-
ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၂.၂၀၁၉)ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ( ၁၁:၀၀)အချိန်အထိ ပင်လောင်းမြို့နယ်၊ အထက ဆောင်းပြောင်း၌ ကျောင်းသား/သူ (၄၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၀၀) ချိန်အထိ ဥတ္တရသီရိမြို့နယ်၊ Victorious Land ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိ ပညာပေးဟောပြောခြင်း၊ ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင် ရမည်ကို အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာနှင့် နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် မြဝတီခရိုင်/မြို့နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ မြဝတီ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ MRCS၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(ခွဲ)(ဝါရီကော်ခူ)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၁၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_dec 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူအခြေခံသင်တန်း(၁/၂၀၁၉) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် ဝန်းသိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ သင်တန်း (၁/၂၀၁၉) ကို ဌာနဆိုင်ရာမှ တက်ရောက်သူ (၃၀) ဦး၊ သင်တန်းသား/သူ (၃၀) ဦး၊ စုစုပေါင်း (၆၀) ဦး တို့ဖြင့်ဖွင့်လှစ်ခဲ့ရာ ဝန်းသိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူ (၁) ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၂-၁၂-၂၀၁၉) ရက်နေ့အထိ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၆-၁၂-၂၀၁၉) ရက်နေ့တွင်မြိတ်မြို့နယ် ၊ ရေပုန်းရပ်ကွက်မှ မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး ခဲ့သောနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀,၅၀၀)ကျပ် (ဆုံးရုံးမှုတန်ဘိုး အတိုင်း) နှင့် လူ(၄) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ(၈၄,၀၀) ကျပ်၊ စုစုပေါင်းငွေ (၁၈,၉၀၀) ကျပ် အား (၉-၁၂-၂၀၁၉) နေ့၊ နေ့လည် (၁၀:ဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_dec2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ NGOs၊ INGOsနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်းလူဦးရေ(၈၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) အချိန်မှ (၁၄:၁၅) နာရီအချိန်အထိ ပင်လောင်းမြို့နယ်၊ အလက နန်းထာ၌ ကျောင်းသား/သူ (၁၀၀) ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဗွီဒီယို ပြသခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ပင်လောင်းမြို့နယ်၊ အထက ပင်ခွန်၌ ကျောင်းသား/သူ (၃၅၀) ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဗွီဒီယို ပြသခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019









