Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ ဖလမ်းမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း(လုံပီး)၌ ဆရာ/မ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၆၀)ဦးခန်းကို သဘာဝဘေးအန္တရာယ် များဆိုင်ရာ ရှောင်ရန်/ဆောင်ရန် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများထဲမှ ကျောင်းသား/သူများ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်း အမေး အမြန်းများပြုလုပ်ခြင်း၊ မေးခွန်း(၅)ခုမှ အဖြေမှန်သူ(၄)ဦးအား စာအုပ်၊ ဘောလ်ပင်ဆုချီးမြှင့်ခြင်း၊ ဘေး(၆)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar # chn_ jan 2020
-
မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သော ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်း အသစ်ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သော (၁၁လိုင်းပါ ၇ပေ)အမိုးသွပ် (၄၀၀)ချပ်အား (၁၇-၁-၂၀၂၀)ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ/မြို့ဖများနှင့်အတူ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_jan 2020
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာတွင် (၁၂-၁-၂၀၂၀)ရက်နေ့၌ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၁၀)လုံးပျက်စီးခဲ့ပြီး လူ(၁)ဦးဒဏ်ရာရရှိခဲ့ပြီး အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၀)ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် နေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောပ်ပံ့ငွေ (၅၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ်(၈၄၀၀ဝ/-)ကျပ်၊ ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၃၄၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၀)အိမ်ထောင်စာအား (၁၆-၁-၂၀၂၀)ရက်နေ့တွင် ဘေးသင့်သူများ၏ လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_otr #ygn_jan … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၀) ရက်နေ့ နေ့လည်(၁၅:၀၀)နာရီအချိန်ခန့်၌ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ဧရာကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဗီနိုင်းပိုစတာများ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar # ayy_ jan 2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ (နန်စီပွန်)၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းFamily kit(၁)ပုံးနှင့်၊ ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ဖိုးငွေ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ (၂၀၆၃၀၀/-) ကျပ်အား (၁၇-၁-၂၀၂၀) ရက်နေ့(၁၄:၀၀) နာရီအချိန်တွင် … Read more
-
လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် World Bank အဖွဲ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လာရောက်ဆွေးနွေးမှုသတင်း
ဇန်နဝါရီ ၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank Global Director for Social Development ဖြစ်သူ Ms. Louise Cord ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်မှုများနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား အသက်(၂)နှစ်ထိ ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT) ကဲ့သို့ စီမံချက်များအား … Read more
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း
ဇန်နဝါရီ ၁၇၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိမိတို့အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အစိုးရက ဆောင်ရွက်လျက်ရှိသည့်ကိစ္စများသည် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးကို ဦးတည်ပါကြောင်း၊ လက်ရှိဆောင်ရွက်မှုများသည် အနာဂါတ်နိုင်ငံတော်အတွက် အမွေကောင်းများ လက်ဆင့်ကမ်းနိုင်ဖို့ဖြစ်ပါကြောင်း၊ လက်ဆင့်ကမ်း အမွေယူကြမည့်သူများသည် ကလေးငယ်များပင်ဖြစ်ပါကြောင်း၊ … Read more
-
ကွန်ကရစ်တံတားတည်ဆောက်ရန်အတွက် အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ သမင်အင်းကုန်းကျေးရွာ၊ မယ်သီလမြောင်းတံတားအား ( ၁၅’× ၁၅’× ၅’ ) (၄.၅၇မီတာ × ၄.၅၇မီတာ × ၁.၅၂၃မီတာ) ကွန်ကရစ်တံတားတည်ဆောက်ရန်အတွက် (၄၇၂၀၀၀၀/-)ကျပ်အား (၁၇-၁-၂၀၂၀) ရက်နေ့ ၊ ညနေ (၀၄:၃၀) အချိန်တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာဓမ္မာရုံတွင် ပေးအပ်ခဲ့ရာသက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၀) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဖျာပုံမြို့လယ် ဒုတိယလမ်းနှင့် စာတိုက်လမ်းထောင့် (၁၀) နာရီဈေးအနီး၌ မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #ayy_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၀) ရက်နေ့၌ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ဦးရေ (၂၅၀)ကျော်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း၊ တက်ရောက်လာသူများ အား အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)









