ကွန်ကရစ်တံတားတည်ဆောက်ရန်အတွက် အလှူငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ သမင်အင်းကုန်း‌ကျေးရွာ၊ မယ်သီလမြောင်းတံတားအား ( ၁၅’× ၁၅’× ၅’ ) (၄.၅၇မီတာ × ၄.၅၇မီတာ × ၁.၅၂၃မီတာ) ကွန်ကရစ်တံတားတည်ဆောက်ရန်အတွက် (၄၇၂၀၀၀၀/-)ကျပ်အား (၁၇-၁-၂၀၂၀) ရက်နေ့‌ ၊ ညနေ (၀၄:၃၀) အချိန်တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာဓမ္မာရုံတွင် ပေးအပ်ခဲ့ရာသက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#otr

#bgo_jan 2020

Sign Up

Upcoming Events