Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့၊ တိုက်ပွဲရှောင်စုရပ် (၅) ခုသို့ ထပ်တိုး ရောက်ရှိယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် စုစုပေါင်းအိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၆၁) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာဖိုးထောက်ပံ့ငွေ (၂၅၆၂၀ဝိ/-) အား ( ၂၂ -၁ -၂၀၂၀ )ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_jan2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၁-၂၀၂၀)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်မှ(၁၄:၃၀)အချိန်ထိတောင်ကြီးမြို့နယ်၊ အလကရေပူ၌ကျောင်းသား/သူ(၂၃၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေး ဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀)ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ(၁၁:၀၀) အချိန်ထိတောင်ကြီးမြို့နယ်၊အလက ကွန်လုံကျောင်းသား/သူ(၃၀၀)ဦး အား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2020
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီအထိ ရွှေဘိုမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်း စာစောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်း ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/မများ၊ကျောင်းသား/သူများနှင့် ပြည်သူလူထု စုစုပေါင်း (၁၂၀) ဦးခန့်တက် ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုးအကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ် အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂ – ၁ -၂၀၂၀ ) ရက်နေ့ တွင် ( ၀၉ : ၀၀ ) အချိန်မှ ( ၁၀ : ၃၀ ) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ / မ များ၊ ကျောင်းသား / သူများနှင့် ပြည်သူလူထုစုစုပေါင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၂-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီအထိ မလော့ချောင်ကျေးရွာအုပ်စု၊ ရွာလယ် ဓမ္မာရုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းအား ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၁-၂၀၂၀)ရက်နေ့၊ ညနေ (၁:၃၀-၃:၃၀)အချိန်၌ အ.ထ.က လိုင်ဇိုး ၊ဖလမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ရှောင်ရန်/ဆောင်ရန် အချက်များ၊ တက်ရောက်သူများထဲမှ ကျောင်းသား/သူများ ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်းအမေးအမြန်းများပြုလုပ်ခြင်း၊ မေးခွန်း(၅)ခုမှ အဖြေမှန်သူ(၄)ဦးအား ကျောင်းသုံးစာရေးကိရိယာများကို ဆုအဖြစ်ချီးမြှင့်ခြင်း၊ ဘေး(၅)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀) ရက် နေ့တွင် ရေဖြူမြို့နယ်၊အလက(ကျောက်ထောင့်) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၁၇၅)ဦး တက်ရောက်ခဲ့ပါ ကြောင်းနှင့် လက်ကမ်းစာစောင်များ၊သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀)ရက်နေ့တွင် (၀၉:၀၀)နာရီအချိန်မှ(၁၁:ဝ၀)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန် /ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိ သူများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့် ကျေးရွာသူ/သား(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_jan2020









