
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၁-၂၀၂၀)ရက်နေ့၊ ညနေ (၁:၃၀-၃:၃၀)အချိန်၌ အ.ထ.က လိုင်ဇိုး ၊ဖလမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ရှောင်ရန်/ဆောင်ရန် အချက်များ၊ တက်ရောက်သူများထဲမှ ကျောင်းသား/သူများ ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်းအမေးအမြန်းများပြုလုပ်ခြင်း၊ မေးခွန်း(၅)ခုမှ အဖြေမှန်သူ(၄)ဦးအား ကျောင်းသုံးစာရေးကိရိယာများကို ဆုအဖြစ်ချီးမြှင့်ခြင်း၊ ဘေး(၅)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#chn_jan2020