သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

22_ Pic _ 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀)ရက်နေ့တွင် (၀၉:၀၀)နာရီအချိန်မှ(၁၁:ဝ၀)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန် /ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိ သူများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့် ကျေးရွာသူ/သား(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#bgo_jan2020

Sign Up

Upcoming Events