Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၌ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၁၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၁၀၀,၀၀ဝ/-)၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာ တို့ကိုလည်းကောင်း၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မော်ရှန်ကျေးရွာ၌ (၂-၂-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၅)လုံး၊ အိမ်ထောင်စု (၇)စုမှ လူဦးရေ(၃၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ် (၁,၀၀၀,၀၀ဝ/-)၊ လူဦးရေ(၃၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ … Read more
-
IDP စခန်းများမှ ပြန်လည်ရွှေ့ပြောင်းပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မံပုံ(RC)၊ IDP စခန်းများမှ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်သို့ ပြောင်းရွှေ့အိမ်ထောင်စု(၂၇)စု၊ လူဦးရေ (၁၅၇)ဦးတို့အတွက် (၁)အိမ်ထောင်စုလျှင် ဆီ (၁)လစာ (၂)ပိဿာနှုန်းဖြင့်(၅၄)ပိဿာ၊ ပဲ(၁)လစာ (၂) ပိဿာနှုန်းဖြင့် (၅၄)ပိဿာ၊ ဆား (၁)ပိဿာနှုန်းဖြင့် (၁)လစာ(၂၇)ပိဿာ၊ လူဦးရေ (၁၅၇)ဦးအတွက် ဆန် (၁)ဦးလျှင် နို့ဆီဗူး(၆၀)ဗူးနှုန်းဖြင့် (၁) လစာ (၄၉)အိတ်(၁)ပြည်(၄)ဗူး တို့ကို (၈-၂-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီ အချိန်အထိ ဟိုပန်မြို့နယ်၊ မန်ကောင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူ (၈၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးဟောပြောခြင်း၊ ငလျင်လှုပ်ခတ်နေစဉ်အတွင်း နေထိုင်ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၇-၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်၊ အ.ထ.က(ချောင်းတောင်)၌ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦးတို့ကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဆောင်ရွက်စေခြင်းတို့ပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ အ.ထ.ကခွဲ (မင်းခေါင်းဆေး)၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမနှင့် ကျေးရွာသူ/သား စုစုပေါင်း (၃၀၀)ဦး တို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #tny_feb2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ (၆-၂-၂၀၂၀)ရက်နေ့၊ (၀၆:၄၅)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၆၀၀,၀၀ဝ/-) အားလည်းကောင်း၊ ကြိုတင်ဖျက်သိမ်းနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၃၀၀,၀၀ဝ/-) အားလည်းကောင်း၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၈)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၆)အိမ်ထောင်စုစာတို့ကို (၇-၂-၂၀၂၀) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှပါသည်။ #ha_fir #ygn_feb2020 … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၅၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြော ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ကျိုင်းတုံမြို့ ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာပေးသင်တန်းကျောင်း၌ သင်တန်းသူ (၇၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ အမှတ်(၈)ရပ်ကွက်၊ ပုသိမ်မြို့၊ အ.ထ.က(၄) စာသင်ကျောင်း၌ ကျောင်းသား/သူ (၄၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေး ဟောပြောခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း၊ ဗွီနိုင်းပိုစတာပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များ၊ ဘောပင်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဖေဖော်ဝါရီလ ၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော Japan Heart အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Fureasu ကုမ္ပဏီ၏ CEO ဖြစ်သူ Mr.Taku Sawanobori ဦးဆောင်သောအဖွဲ့၊ UNICEF အဖွဲ့အစည်းနှင့် Economic Policy and Research Institute (EPRI)မှ Research Director ဖြစ်သူ Mr. Michael Samson ဦးဆောင်သောအဖွဲ့နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် European … Read more









