လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၂-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ အ.ထ.ကခွဲ (မင်းခေါင်းဆေး)၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမနှင့် ကျေးရွာသူ/သား စုစုပေါင်း (၃၀၀)ဦး တို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar
#tny_feb2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)