လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မံပုံ(RC)၊ IDP စခန်းများမှ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်သို့ ပြောင်းရွှေ့အိမ်ထောင်စု(၂၇)စု၊ လူဦးရေ (၁၅၇)ဦးတို့အတွက် (၁)အိမ်ထောင်စုလျှင် ဆီ (၁)လစာ (၂)ပိဿာနှုန်းဖြင့်(၅၄)ပိဿာ၊ ပဲ(၁)လစာ (၂) ပိဿာနှုန်းဖြင့် (၅၄)ပိဿာ၊ ဆား (၁)ပိဿာနှုန်းဖြင့် (၁)လစာ(၂၇)ပိဿာ၊ လူဦးရေ (၁၅၇)ဦးအတွက် ဆန် (၁)ဦးလျှင် နို့ဆီဗူး(၆၀)ဗူးနှုန်းဖြင့် (၁) လစာ (၄၉)အိတ်(၁)ပြည်(၄)ဗူး တို့ကို (၈-၂-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#otr
#kcn_feb2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)