Category Archives: News
-
လေးပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေးပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စုအတွင်းရှိ သရက်ကုန်းကျေးရွာ၊ ဘုရားငူကျေးရွာ၊ လဖျော်ပင် ကျေးရွာ၊ မိုးသစ္စာကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတက်သော လေးပြင်းဘေး ကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ မြို့ နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မေတ္တာပေါင်းကူးပရဟိတအသင်းတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစာရင်း ကောက်လျက်ရှိပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၈၆၀)၊ သုခလမ်းမြောက်ဘက်၌ (၁-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၂၃)စုမှ လူဦးရေ(၇၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၇)စုစာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး အိမ်ထောင်စု(၆)စုစာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၅,၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၇၀၀,၀၀၀/-) တို့ကို (၂-၃-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ (၃-၃-၂၀၂၀) ရက်နေ့တွင် လပွလပွတ္တာမြို့နယ်၊ ရွေးကျေးရွာအုပ်စု၊ ဂွေးခေျာင်းကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် School Cum Shelter တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်(၁၀၀%) ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_mar2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု(မြို့နယ်အဆင့်) သင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု( မြို့နယ် အဆင့်) သင်တန်းအား(၃-၃-၂၀၂၀)ရက်နေ့ (၀၈:၃၀) နာရီ ဖရူဆိုမြို့၊ မြို့နယ်အေထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေခန်းမတွင် သင်တန်းသားဦးရေ (၄၃) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃-၃-၂၀၂၀) ရက်နေ့မှ (၅-၃-၂၀၂၀)ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ #ar #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၁.၃..၂၀၂၀)ရက်နေ့တွင်ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရသေ့ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့်ခဲ့သည့် အိမ်ခြေ(၆)လုံး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀၀၀၀ိ/-)၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၄၄၁၀၀ိ/-)စုစုပေါင်း (၆၄၄၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၅)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁)ပုံးတို့အား (၃.၃..၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_mar2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်ဦးစီးမှူးရုံးဖွင့်ပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၃.၃.၂၀၂၀)နေ့တွင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပွဲကို တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး တက်ရောက်လာသောဌာနဆိုင်ရာများအား ဦးစီးဌာန၏ လုပ်ဆောင်နေသောလုပ်ငန်းတာဝန်များအား မိတ်ဆက်တင်ပြကာ လက်ဖက်ရည်မုန့်တို့နှင့် တည်ခင်းဧည့်ခံခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အလယ်ပိုင်း)၊ ကွက်သစ်ပိုင်းနှင့် ချောင်းဆင်း(တဲတိုက်)ရှိ အိမ်ခြေ (၁၁၉) လုံး၊ အိမ်ထောင် စု (၁၂၈) စု၊ လူဦးရေ (၆၀၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၃- ၃-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၃-၂၀၂၀)ရက်နေ့၊ စစ်တွေမြို့၊ မင်းသူရိယခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရက်ကွက်/ကျေးရွာအဆင့် စာရေးဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ ( ၃၉)ဦး တို့အား Basic Disaster Management Course (BDMC) သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပြီး (၃-၃-၂၀၂၀) ရက်မှ (၇-၃-၂၀၂၀) ရက်အထိ (၅)ရက်တာ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်) ဟိန္ဒူဖောင် ဒေးရှင်း(ဗဟို) က ကျင်းပသည့် တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုသည့် ကောက်သစ်စားပွဲတော်အထိမ်းအမှတ် ပွဲတက်ရောက်
မတ်လ ၂ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မနေ့က ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ (Event Park)တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်) ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)က ကျင်းပပြုလုပ်သည့် တမီ(လ်)မျိုးနွယ်စုများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ပွန်ဂဲ (ခေါ်) တောင်သူလယ်သမား ဦးကြီးများအား ဂုဏ်ပြုသည့် ကောက်သစ်စားပွဲတော် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး … Read more









