
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၃-၂၀၂၀)ရက်နေ့၊ စစ်တွေမြို့၊ မင်းသူရိယခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရက်ကွက်/ကျေးရွာအဆင့် စာရေးဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ ( ၃၉)ဦး တို့အား Basic Disaster Management Course (BDMC) သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပြီး (၃-၃-၂၀၂၀) ရက်မှ (၇-၃-၂၀၂၀) ရက်အထိ (၅)ရက်တာ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_feb2020