Category Archives: News
-
ရေဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့၊ (၁၁:ဝဝ) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပုလဲရတနာလမ်းနှင့် ပုလဲရတနာ(၂)လမ်းဆုံ၌ ရေဘေးအသိပညာပေးဆိုင်းဘုတ် အားစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #krn_mar2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြို့နယ်ဦးစီးမှူးရုံးဖွင့်ပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၀)နေ့၊ နံနက် (၉: ၃၀) အချိန်တွင် ပုလောမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပွဲအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး တက်ရောက်လာသောဌာနဆိုင်ရာများအား ဦးစီးဌာန၏လုပ်ငန်းတာဝန်များအား တင်ပြဆွေးနွေးကာ လက်ဖက်ရည်မုန့်တို့နှင့် တည်ခင်းဧည့်ခံခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့တွင် (အ.ထ.က) ခွဲ(၃) ကြာအင်းဆိပ်ကြီး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦး ဖြင့်ပြုလုပ်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သော သိကောင်းစရာများ၊ ရေဘေး၊မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များ နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ မျှဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_mar2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၃.၂၀၂၀)ရက်နေ့တွင် အ.လ.က (၂)ကျခတ်ချောင်း၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများပါဝင်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
မတ်လ၊ ၃၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများပါဝင်မှု မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဌ(၁) ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်က ဦးစားပေးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် လူ့အခွင့်အရေး ကိုလည်း အစိုးရကအလေးထားဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တစ်ခုက ကမ္ဘာ့လှည့်ခရီးသွားလာခြင်းလုပ်ငန်းတွင် အဓိကစိတ်ဝင်တစားပါဝင် ဆောင်ရွက်ကြသူ များသည် မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟုဖော်ပြထားကြောင်း၊ … Read more
-
သဘာ၀ဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲအား မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၆၀) ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများ အား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီမှူးရုံး (ဘစမ) #ar #mon_mar2020
-
သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၄.၃.၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ (DAN) Application ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးမှုများကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား (၇၅) ဦး ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ar #mon_mar2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄- ၃-၂၀၂၀) ရက်နေ့၊(၁၁: ၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ် ၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဦးဝင်းကြည်(တဲတိုက်)၊ ဦးသောင်းငွေ(တဲတိုက်)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ အိမ်ခြေ (၁၃၇) လုံး၊ အိမ်ထောင်စု (၁၄၃) စု၊ လူဦးရေ (၆၈၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ha_drg #mgy_mar2020
-
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသား အဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
မတ်လ၊ ၃၊ နေပြည်တော် ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသမီး များအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးတွင် အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီက ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာ … Read more









