Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့အရှေ့ကျေးရွာ၌ (၁၄-၃-၂၀၂၀) ရက်နေ့ (၀၉:၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၈) ဦးအတွက် ဆန်ရိက္ခာ ဖိုးရန်ပုံငွေ (၁၆,၈၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၁၆,၈၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စုစာတို့အား တပ်ကုန်းမြို့နယ်၊ … Read more
-
school cum shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့် အတူ (၁၅-၃-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ရန်ပုံငွေဖြင့် PSA ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာမှ school cum shelter တည်ဆောက်ခြင်း ၂၅% တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_mar2020 source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အနာကျက်ဆေးရည်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဟင်္သာတမြို့၊ ပျဉ်းမချောင်းရပ်ကွက်၊ ကြာခံဘုန်းတော်ကြီးကျောင်းဝန်းအတွင်းဖွင့်လှစ်ထားသည့် ဘဝအလင်းရောင်အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းအတွက် အနာကျက်ဆေးရည် (၂၀၀) ဘူးအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_mar2020
-
သဘာ၀ဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၀) နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်မြို့ရှိ YEP သင်တန်းကျောင်း၌ သဘာ၀ဘေးစီမံခန့်ခွဲမှုအခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး(ကိုယ်စား) လ/ထ ညွှန်ကြားရေးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သင်တန်း နည်းပြများ၊ သင်တန်းသား/သူ (၅၀) ဦး၊ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၀) ရက်နေ့၊ ( ၀၉ : ၀၀ ) နာရီအချိန်မှ ( ၁၆ : ၃၀ ) နာရီအချိန်ထိ ဇီးပြားကျေးရွာအုပ်စု၊ အန်းတားကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအားဖြည့်ပြုပြင်ခြင်း အား မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည် သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #mgy_mar2020 source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် ချောက်မြို့နယ်၊ ရွာမအုပ်စု-ရွာမကျေးရွာတွင် ပြင်ဆင်ရန်လိုအပ်သည့်နေအိမ် (၁၇၁) လုံးအား လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #sgw #mgy_mar2020
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့နယ်၊ မင်းလှကျေးရွာCylone Shelter ၌ ကျေးရွားသူ/သား (၁၀၈) ဦးတို့အား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များဝေငှခြင်း ခေါက်ဆွဲခြောက်ထုပ်နှင့် ကော်ဖီမစ်ထုပ် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #rke_mar2020
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွား တတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန် အတွက်လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၄-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #sgw #ayy_mar2020 … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ဓနုဖြူမြို့နယ်၊ တော်ကွဲကျေးရွာအုပ်စု၊ တော်ကွဲ ကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန်အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်ရန် ဓနုဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၄-၃-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစာရင်း ကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #sgw #ayy_mar2020
-
အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၂၀) ရက်နေ့၊ နေ့လယ်( ၁၂ : ၀၀ ) အချိန်တွင် ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ရွာသူရွာသား(၈၀) ဦးတတ်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_mar2020 source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









