လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့အရှေ့ကျေးရွာ၌ (၁၄-၃-၂၀၂၀) ရက်နေ့ (၀၉:၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၈) ဦးအတွက် ဆန်ရိက္ခာ ဖိုးရန်ပုံငွေ (၁၆,၈၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၁၆,၈၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စုစာတို့အား တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ (၁၅-၃-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#npw_mar2020