Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာအုပ်စု၊ ဝှေဆန်ကျေးရွာ၌ (၂၅-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး အိမ်ထောင်စု (၂)စုစာတို့ကို (၂၆-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာ၌ သောက်သုံးရေ ဂါလံ (၄,၅၀၀) ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #tny_mar2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ကော့ပတိုင်ကျေးရွာ၌ သောက်သုံးရေ လီတာ (၆,၀၀၀) ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_drg #krn_mar2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၆- ၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)၊ (တောင်ပိုင်း)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ အိမ်ခြေ (၁၃၄) လုံး၊ အိမ်ထောင်စု (၁၄၁) စု၊ လူဦးရေ (၆၇၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ha_drg #mgy_mar2020
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖ တို့နှင့်ပူးပေါင်း၍ (၁၆-၃-၂၀၂၀) ရက်နေ့မှ (၂၅-၃-၂၀၂၀)အထိ ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စုကျေးရွာ (၆) ရွာနှင့် ပျဉ်ထောင် ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၄) ရွာတို့အား(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လေပြင်းဘေး ကြောင့် ပျက်စီးနိုင်သောနေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ် များကို ကွင်းဆင်း၍ စစ်တမ်းကောက်ယူခဲ့ပြီး … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေပန်းတော ကျေးရွာအုပ်စု၊ မုတ်ထုတ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၄,၂၀၀/-) ကျပ် တို့ကို (၂၅-၃-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ် … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့၊ ဟင်္သာတ ခရိုင်၊ မြန်အောင်မြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ မာလကာကုန်း ကျေးရွာ၌ဖြစ်ပွားခဲ့သော မီးဘေး သင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၁၈,၉၀၀/-) ကျပ်တို့ကို (၂၅-၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီချိန်တွင် မြန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူ … Read more
-
တိုက်ပွဲရှေိာင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ပြိုင်တိုင်ကျေးရွာအုပ်စု၊ ပြိုင်တိုင်ကျေးရွာမှ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံ ကျေးရွာအုပ်စု၊ စိုင်ခြုံမြောက်ကျေးရွာသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁)စု၊ ကျား (၄) ဦး၊ မ (၂) ဦး၊ ပေါင်း (၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၂၁) ပြည်၊ ထောက်ပံ့ဖိုးငွေ (၂၅,၂၀ဝ/-) ကျပ်အား (၂၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် တိုက်ပွဲရှောင်မိသားစုထံ … Read more
-
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
မတ်လ ၊ ၂၅ ၊ နေပြည်တော် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၅ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန် (၁၁) ခုရှိရာ … Read more
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအားကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မအူကုန်ကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဓနဒီပါကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသော School Cum Shelter (၇၅%) တည်ဆောက်ပြီးစီးမှု အခြေအနေကို ရေကြည်မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dep #ayy_mar2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) ။









