လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း

 

26_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖ တို့နှင့်ပူးပေါင်း၍ (၁၆-၃-၂၀၂၀) ရက်နေ့မှ (၂၅-၃-၂၀၂၀)အထိ ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စုကျေးရွာ (၆) ရွာနှင့် ပျဉ်ထောင် ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၄) ရွာတို့အား(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လေပြင်းဘေး ကြောင့် ပျက်စီးနိုင်သောနေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ် များကို ကွင်းဆင်း၍ စစ်တမ်းကောက်ယူခဲ့ပြီး လေပြင်းဘေးဒဏ်မှ ကြိုတင်ကာကွယ်ရန်အတွက် သက်ကယ်၊ ဝါး၊ ထရံတို့ဖြင့် နေအိမ် (၃၂၀) လုံးအား ကြံခိုင်မှုရှိစေရန်ပြန်လည် အားဖြည့်ပြင်ဆင်ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်၊၊

#prep_sgw

#bgo_mar2020

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events