မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

25_Pic _ 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့၊ ဟင်္သာတ ခရိုင်၊ မြန်အောင်မြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ မာလကာကုန်း ကျေးရွာ၌ဖြစ်ပွားခဲ့သော မီးဘေး သင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၁၈,၉၀၀/-) ကျပ်တို့ကို (၂၅-၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီချိန်တွင် မြန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ayy_mar2020

Sign Up

Upcoming Events