Author Archives: Thandar Aung
-
မိုးခေါင်ရေရှားဘေးအပါအဝင်သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၉) ရက်နေ့တွင် နံနက်ပိုင်းတွင် ပင်းတယမြို့နယ် မြေခြားမြောက်ကျေးရွာအုပ်စု ဖောင်းတောဘုန်းကြီးကျောင်း၌ ကျေးရွာနေပြည်သူ (၁၅၀) ဦးအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် မြင်းမူးကျေးရွာအုပ်စု မြင်းမူးဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူ (၂၁၀) ဦးအားလည်းကောင်း မိုးခေါင်ရေရှားဘေးအပါအဝင်သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့ခြင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ မီးရထားဝင်းနေ ဒေါ်စိန်ဝင်းအသက် (၇ဝ) နှစ် နေအိမ်၌ (၁၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၃:၁၅) နာရီအချိန်တွင် ရေနွေးအိုးတည်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်( ၁) လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်
================================================= ဟင်္သာတ၊ ဇန်နဝါရီ ၁၉———————- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ရုံနှင့် ဘေးဒဏ်ခံအဆောက်အဦများ ကြည့်ရှုုခြင်း၊ ဟင်္သာတခရိုင်ရှိမြို့နယ်များနှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ (၁၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ရုံသို့ … Read more
-
မီးဘေးထောက်ပံ့ခြင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ အမှတ်(၈)ရပ်ကွက်(ခ/၁)လမ်း၌ (၁၇-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)အား (၁၈-၁-၂၀၁၉)ရက်နေ့တွင် သံတွဲွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကျန်ရစ်သူမိသားစုထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် မလက်တိုကျးရွာအုပ်စု လှိုင်းတာကျေးရွာ၌ (၁၇-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃)လုံး အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ Care Myanmar မှ လှူဒါန်းသည့် အလှူပစ္စည်း ပိုက်ဖျာ ၃ ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀) ကျပ် စုစုပေါင်းလူဦးရေ (၁၈) … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအုပ်စု ဆားမလောက်ကျေးရွာအလယ်ပိုင်း ဂန္ဓလမ်းထိပ်၌ (၁၅-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာရန်ပုံငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ယန်းလော)၌ ကျောင်းသူ၊ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီထိ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ဝမ်နားခမ်း)၌ ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ … Read more
-
မြစ်ကြီးနားမြို့ ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများအား ထောက်ပံ့မှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်
================================================== ဇန်နဝါရီ ၉ ၊ မြစ်ကြီးနား——————- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီ ထောက်ပံ့ခြင်း လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင် ပရဟိတဂေဟာ၌ ကလေးသူငယ်များနှင့် တွေ့ဆုံရာ နိုင်ငံတော်အစိုးရက ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ မိုးသီတာကျေးရွာ၌ (၃-၁-၂၀၁၉) ရက်နေ့၊ (၁၀း၃၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အဆိုပါအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၄)မျိုး (ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စပါယ်မျှောင်ကျေးရွာအုပ်စု၊ ညောင်ပင်ကပ်ကျေးရွာ၌ (၇-၁-၂၀၁၉) ရက်နေ့၊ (ဝရး၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
================================================= Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ဘီးလင်းမြို့နယ်၊ အ.မ.က ဂုံညင်းနွယ်စာသင်ကျောင်း၌ ကျောင်းသူ/သားနှင့် ကျေးရွာသူ/သား အင်အား (၂၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်းကို ဆောက်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
