Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ခန္တီးမြို့နယ် လက်ပံသာကျေးရွာ၌ ကျေးရွာသူ\ရွာသား (၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်၊ နယ်မြေ(၃)သီတာလမ်း၌ (၁၁-၂-၂၀၁၉) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၁၁-၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီးတွင် မသန်စွမ်းသူများ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်
============================================ ဖေဖော်ဝါရီ ၁၁၊ နေပြည်တော်—————- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အားလုံးအတွက် ကနဦး ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က မကွေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မကွေးမြို့နယ်အတွင်းရှိ မိခင်ဝိုင်း များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ၊ ပြည်သား များအားလုံး လူမှုကာကွယ်စောင့်ရှောက်ရေးတွင် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ပရဟိတဂေဟာများကို ထောက်ပံ့ခြင်းများဆောင်ရွက်
============================================ ဖေဖော်ဝါရီ ၁၀၊ အမ်း————– ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် အမ်းမြို့အတွင်း မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပရဟိတဂေဟာများကို ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ (၁၀-၂-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် အမ်းမြို့၊ ရွှေအမ်း တောင်ခန်းမ၌ကျင်းပသော ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တည်ငြိမ်အေးချမ်းရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးသည် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့်အတွက် နိုင်ငံတော်အစိုးရက … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၆-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄) လုံးမှ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ပလတ်စတစ်ဖျာ-၄ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၅၇၀၀) ကျပ်ကို (၇-၂ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ
================================================= ဖေဖော်ဝါရီ ၇ ၊ နေပြည်တော်——————— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့်အဖွဲ့က ယနေ့ နံနက်ပိုင်းနှင့် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ အဖွဲ့ဝင်အချို့အပါအဝင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီမှ အဖွဲ့ဝင်အချို့လည်း … Read more
-
ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်.စိန်ချယ်လမ်းသွယ်(၆)၌ (၆-၂-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ကြိုတင်ဖျက်သိမ်းခဲ့သည့် နေအိမ်(၂)လုံးရှိ အိမ်ထောင်စု (၂) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၇) ဦးအတွက် … Read more
-
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်
================================================= ဖေဖော်ဝါရီ ၆ ၊ နေပြည်တော်———— (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူ များအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)နှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာအာဆီယံညှိနှိုင်း ရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre)တို့မှ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။အဆိုပါ ဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေး မှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်နှင့် AHA Centreမှ အမှုဆောင်ညွှန်ကြားရေးမှူးအပါအဝင် ကိုယ်စားလှယ်များသည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အား လက်ခံတွေ့ဆုံ
================================================ ဖေဖော်ဝါရီ ၆ ၊ နေပြည်တော်——————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA အား (၅-၂-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေသောကိစ္စရပ်များ၊ စီမံချက်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများ၊ ပြန်လည်လက်ခံရေးအစီအမံများနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းရှိ နေရပ်စွန့်ခွာသူများသိရှိနိုင်ရေးအတွက် အဓိကသတင်းအချက်အလက်များပါဝင်သည့် Factsheet … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ပဒက်ကွင်းကျေးရွာအုပ်စု၊ ပေပင်ကျေးရွာနေ မန်းရွှေဝင်းစိန် နေအိမ်၌ (၃-၂-၂၀၁၉) ရက်နေ့ (၀၆း၁၅) နာရီအချိန်တွင် ထမင်းအိုးတည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ခဲ့သည့် ဓနိမိုး၊ ပျဉ်ခင်း၊ ဓနိကာနှစ်ထပ် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၂၁၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
