Author Archives: Thandar Aung

  • အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာများအား ဒုတိယဝန်ကြီးဦးစိုးအောင် လိုက်လံကြည့်ရှုစစ်ဆေး

    ================================================= ဖေဖော်ဝါရီ ၂၄၊ နေပြည်တော်——————— နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း မိသားစု ဝန်ထမ်း အိမ်ရာများနှင့် အပျိုဆောင်များသို့ (၂၄-၂-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း/အမှုထမ်းမိသားစုများနှင့် အပျိုဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်းများအနေဖြင့် မိမိတို့တိုက်နှင့်အဆောင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးထိခိုက်စေနိုင်သော မြောင်းပုတ် အနံ့နှင့် ခြင်နှင့်ပတ်သက်သော ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်အောင် စုပေါင်းဆောင်ရွက်ကြရန်၊ … Read more

  • ပြည်တွင်းရှိ မိမိနေရပ်သို့ ဆန္ဒအလျောက် ပြန်လာသည့် တိုင်းရင်းသား ပြည်သူများအား ပြန်လည်လက်ခံကြိုဆိုခြင်းနှင့် ထောက်ပံ့မှုများ ပေးအပ်ခြင်း

    ================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၉) ရက်နေ့ (၁၁း၃၀) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်မနွိုင်ဆွိုင်းစခန်းမှ ကယားပြည်နယ်အတွင်းရှိ မိမိနေရပ်သို့ ဆန္ဒအလျောက် ပြန်လာသည့် အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၅၉) ဦးအား ထိုင်း-မြန်မာ ကောင်စစ်ဝန် ဦးသိန်းအောင်၊ မယ်ဟောင်ဆောင်ခရိုင် ဒုခရိုင်ဝန် လောင်ကျစ်နှင့် တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ် ကယားပြည်နယ်၊ မယ်စဲ့နယ်စပ်ဂိတ် BP 13 သို့ လိုက်လံပို့ဆောင်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် … Read more

  • မြစ်ကြီးနားမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်း မိုးသီးကြွေကျမှုကြောင့် ပျက်စီးခဲ့မှုအခြေအနေများအား သွားရောက်ကြည့်ရှုခြင်း

    ================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသီးကြွေကျခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းဦးဆောင်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြစ်ကြီးနားခရိုင် NLD ပါတီဥက္ကဌ ဦးတင်ဝင်း၊ မြစ်ကြီးနားမြို့နယ် NLD ပါတီဝင်ဦးအက်စ်ကူးမားနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အဖွဲ့နှင့်အတူ (၁၈-၂-၂ဝ၁၉) ရက်နေ့၊ (၁၄း၄၅) နာရီအချိန်မှစတင်ကာ မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာသို့လည်းကောင်း၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ တန်းဆိပ်(ဘင်္ဂလီ)ကျေးရွာ၌ (၈-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၈)ပြည်(၆)ဗူးတို့အားလည်းကောင်း၊ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအုပ်စု၊ လက်မ(ဘင်္ဂလီ)ကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ(၄)ဦးအတွက် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်မှ (၁၆း၀၀) နာရီအချိန်ထိ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာအုပ်စု၊ ဝါးရုံခုံရွာ၌ ကျေးရွာသူ/သား (၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ ဟောပြောပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Asia Philanthropy Circle (APC) လူမှုရေးအသင်းမှ ကိုယ်စားလှယ်များလာရောက်တွေ့ဆုံ

    ================================================= နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈———————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UEHRD ပြည်ထောင်စုစီမံကိန်း ၏ International Relations Task Force နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော Asia Philanthropy Circle (APC)လူမှုရေးအသင်းမှ ကိုယ်စားလှယ်များက (၁၈-၂-၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် UEHRD ၏ International Relations Task Force က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသခံပြည်သူများ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်၊ ကန်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ရာ လူဦးရေ (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • မိုးခေါင်ရေရှားဘေးအပါအဝင်သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရွာငံမြို့နယ်  ဆတ်ခြံကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌  မိုးခေါင်ရေရှားဘေးအပါအဝင်သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၅၀) ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

    ================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့တွင် သီပေါမြို့နယ်၊ ဆွန်အိုက်ကျေးရွာသို့ ရောက်ရှိခိုလှုံလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၆၀) စုမှ လူဦးရေ (၁၆၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာ ၇ ရက်စာ (၃၃၆၀၀၀) ကျပ်တိတိတို့အား (၁၆-၂-၂၀၁၉) ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်မှူးများနှင့် ကျောက်မဲခရိုင်ဘေး/စီမံဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခြင်း

    ================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသည် Plan International Myanmar နှင့်ပူးပေါင်း၍ (၁၆-၂-၂၀၁၉) ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်မှ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ၊ အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ အင်အား (၅၀) ဦးဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ Plan International Myanmar တာဝန်ရှိသူတို့မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကာလမှာ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events