Author Archives: Thandar Aung
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လွိုင်လင်Covid-19ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ Loi Kham Women Organization အဖွဲတို့နှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:ဝ၀) နာရီမှ(၁၀:၀၀) နာရီထိ လွိုင်လင်မြို့၊ မြို့မစျေးနှင့် ဗိုလ်ချုပ်လမ်းမကြီး(နာရီစင်)အနီးပတ်ဝန်းကျင်တို့၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ အသိပညာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ဖြန့်ဝေခြင်းနှင့် Vinly များကပ်ခြင်းတို့ … Read more
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့ပေါ်ရှိ မြို့သစ်ရပ်ကွက်အတွင်း (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စုနှင့် ဂန်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅) ရွာ၌ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း mask ဝေငှပေးခြင်းတို့ကို … Read more
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့န ယ်၊ ပြလို့ကျေးရွာအုပ်စု၊ ပြလို့ကျေးရွာနှင့် ပြလို့မြင့်ကျေးရွာများအတွင်း (၁၉-၉-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် လူနေအိမ်(၂)လုံး ချောင်းရေမျောပါခဲ့ပြီး လူနေအိမ်(၆)လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကာ အိမ်ထောင်စု(၈)စု၊ ကျား လူဦးရေ(၄၄)ဦးရေဘေးသင့်ခဲ့ပါသည်။ အဆိုပါရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ(၉၂၄၀၀)ကျပ်၊ မျောပါနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၈၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၂)စုစာအား (၂၁-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အင်းဘဲကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာနှင့် နတ်မီးကျေးရွာအုပ်စု၊ နတ်မီးတောက်ကျေးရွာတို့၌ (၁၈-၉-၂၀၂၀) ရက်နေ့၊ (၂၃:၀၀) နာရီမှ (၂၃:၃၀)နာရီထိ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်တန်းကျေးရွာရှိ လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နတ်မီးတောက်ကျေးရွာရှိ သက္ကယ်မိုး/ထရံကာ သုံးပင်အိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ကာ အိမ်ခြေ (၂ )လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ(၃)ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၃) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ ဇော်ဂျီရပ်ကွက်၊ စျေးလေး/ကြီး၊ အ.ထ.က(၁)လမ်းဆုံနှင့် သာယာကုန်းကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၂:၃၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပုလင်ကျေးရွာအုပ်စုအတွင်းရှိ ညောင်ပုလင်ကျေးရွာ၊ ညောင်လန်းကျေးရွာနှင့် သံပရာပင်ဆိပ်ကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မိုးကြိုးဘေး၊မုန်တိုင်းဘေးနှင့် မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆောင်ခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် Mask များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၊ (၀၇:၀၀)နာရီမှ (၁၂:၀၀)အချိန်ထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ထမ္မကောက်ကျေးရွာ၊ တပေါင်းကျေးရွာနှင့် ကူရှည်ကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းနှင့် Mask များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_sep2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၂:၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ကြူရွာကျေးရွာအုပ်စု၊ ကြူရွာ(ရွာမ)ကျေးရွာ၊ ကြူရွာ(ရွာသစ်)ကျေးရွာ၊ ဆင်ကြို့(ရွာမ)ကျေးရွာနှင့် ဆင်ကြို့(ရွာသစ်)ကျေးရွာများအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း NOUL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ(၉၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ လူ(၃)ဦးသေဆုံးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့်အတူလိုက်ပါ၍ (၂၀-၉-၂၀၂၀) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်၊ ပုလောမြို့နယ်တို့၌ … Read more
