ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့န ယ်၊ ပြလို့ကျေးရွာအုပ်စု၊ ပြလို့ကျေးရွာနှင့် ပြလို့မြင့်ကျေးရွာများအတွင်း (၁၉-၉-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် လူနေအိမ်(၂)လုံး ချောင်းရေမျောပါခဲ့ပြီး လူနေအိမ်(၆)လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကာ အိမ်ထောင်စု(၈)စု၊ ကျား လူဦးရေ(၄၄)ဦးရေဘေးသင့်ခဲ့ပါသည်။
အဆိုပါရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ(၉၂၄၀၀)ကျပ်၊ မျောပါနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၈၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၂)စုစာအား (၂၁-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_sep2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events