လေပြင်းဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အင်းဘဲကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာနှင့် နတ်မီးကျေးရွာအုပ်စု၊ နတ်မီးတောက်ကျေးရွာတို့၌ (၁၈-၉-၂၀၂၀) ရက်နေ့၊ (၂၃:၀၀) နာရီမှ (၂၃:၃၀)နာရီထိ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်တန်းကျေးရွာရှိ လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နတ်မီးတောက်ကျေးရွာရှိ သက္ကယ်မိုး/ထရံကာ သုံးပင်အိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ကာ အိမ်ခြေ (၂ )လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ(၃)ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀)ကျပ်၊ စုစုပေါင်း (၁၂၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁) စုစာအား (၂၁-၉-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၀:၃၀) နာရီအချိန်တွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_sep2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events