Author Archives: Thandar Aung

  • တောင်ကြီး-လွိုင်လင်(အထွက်)ဂိတ်၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၅-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၈:၀၀)နာရီအချိန်ထိ တောင်ကြီး-လွိုင်လင်(အထွက်)ဂိတ်၌ ယာဉ်လိုင်းများဖြင့် စီးနှင်းလိုက်ပါသော ခရီးသည်များအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းကောက်ယူခြင်း၊ Hand-Gel များဖြင့် လက်သန့်စင်စေခြင်းနှင့် အသိပညာပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၊ (၀၇:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မကျီးကုန်းကျေးရွာ၊ ထန်းချောင်းကျေးရွာနှင့် တပ်စုကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းနှင့် Maskများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_sep2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် နှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီချိန်မှ (၁၃:၃၀)နာရီအချိန်ထိ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ (ကျော်ငုံ၊လက်ပံတိုက်၊မြန်မာသဖန်းပင်၊မြောင်ကြီး၊အလယ်ရွာ၊စမ်းမြောင်)ကျေးရွာများအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်အလက်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တပြေးညီထုတ်ပြန်လျက်ရှိသည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားအသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Mask နှင့် ရေမလိုလက်သန့်ဆေး၊ အသက်ကယ်ဘောကွင်းများနှင့် အသက်ကယ်ကြိုးအိတ်များ ဝန်ကြီးဌာနလို့ လာရောက်လှူဒါန်း

    ~~~~~~~ Source: MOSWRR ~~~~~~~ စက်တင်ဘာ ၂၄ ၊နေပြည်တော် ~~~~~~~ COVID-19 ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅,၀၀၀)ခု၊ ရေမလို လက်သန့်ဆေး(500ml)(၂၄၀)ဘူးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် အသုံးပြုနိုင်ရန်အတွက် အသက်ကယ်ဘောကွင်း(၁၀၀)ကွင်း၊ အသက်ကယ်ကြိုးအိတ်(၂၀)အိတ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ Aries Elan ကုမ္ပဏီက လာရောက်လှူဒါန်းရာ ဒုတိယဝန်ကြီးဦးစိုးအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ အင်းလျာကုန်းကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ လယ်တီကျေးရွာ၊ ဆင်ကူး(အနောက်)နှင့် ဆင်ကူး(အရှေ့) ကျေရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၇:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ သဖန်းတုံးကျေးရွာ၊ ရွာသာအေးကျေးရွာနှင့် လိပ်ခြံကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းနှင့် Mask များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀) ရက်နေ့တွင် ရပ်စောက်မြို့နယ်၊ ပင်းတယမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်များအတွင်းရှိ ကျေးရွာ(၈)ရွာတို့၌ COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ အံဒင်ငါးမျှားစခန်းကျေးရွာ၌ (၂၀-၉-၂၀၂၀) ရက်နေ့မှ (၂၁-၉-၂၀၂၀) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ပင်လယ်ဒီရေမြင့်ချိန် လေပြင်းတိုက်ခတ်မှုကြောင့် ရေလှိုင်းပုတ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် အိမ်ခြေ(၂၉)လုံး၊ အိမ်ထောင်စု(၂၉)စုတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁၉၀)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၉၉၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၃၂၉၉၀၀၀/-)ကျပ်အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁၇)အိမ်ထောင်စာအား ရေးမြို့နယ်ဦးစီးမှူးရုံးမှလည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၃-၉-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဒေါဝါးကျေးရွာအုပ်စု၊ လယျ်ားစုကျေးရွာ၌ (၂၂-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၈၄၀၀/-)ကျပ်အား (၂၃-၉-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events