COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် နှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီချိန်မှ (၁၃:၃၀)နာရီအချိန်ထိ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ (ကျော်ငုံ၊လက်ပံတိုက်၊မြန်မာသဖန်းပင်၊မြောင်ကြီး၊အလယ်ရွာ၊စမ်းမြောင်)ကျေးရွာများအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်အလက်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တပြေးညီထုတ်ပြန်လျက်ရှိသည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားအသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_sep2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events