စက်တင်ဘာ ၂၄ ၊နေပြည်တော်
~~~~~~~
COVID-19 ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅,၀၀၀)ခု၊ ရေမလို လက်သန့်ဆေး(500ml)(၂၄၀)ဘူးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် အသုံးပြုနိုင်ရန်အတွက် အသက်ကယ်ဘောကွင်း(၁၀၀)ကွင်း၊ အသက်ကယ်ကြိုးအိတ်(၂၀)အိတ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ Aries Elan ကုမ္ပဏီက လာရောက်လှူဒါန်းရာ ဒုတိယဝန်ကြီးဦးစိုးအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။