Author Archives: Thandar Aung

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ အထက်ကဇင်းတောကျေးရွာ၊ ကုလားမချောင်ကျေးရွာနှင့် တူးချောင်းကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာတို့၌ (၂၁-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၇၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၇၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၄၇၀၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၈၄၇၀၀ဝိ/-)အား (၂၂-၁၀-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စု၊ တော်ပေါင်စိန်ကျေးရွာ၌ (၂၀-၁၀-၂၀၂၀) ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့သည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝိ/-)၊ လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာငွေ(၃၅၇၀ဝိ/-)၊ စုစုပေါင်းငွေ(၄၃၅၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၂၂-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာ၌ (၁၉-၁၀၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သည့်အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောင်ပံ့ငွေ(၂၉၄၀၀/-)၊ စုစုပေါင်း(၂၂၉၄၀၀/-) ကျပ်တိတိအား (၂၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_oct2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

    ~~~~~~~~~ Source: MOSWRR ~~~~~~~~~ အောက်တိုဘာလ ၂၁၊ နေပြည်တော် ~~~~~~~~~ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ video conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။   အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေးဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၂၀-၁၀-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာ၌ (၁၇-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း family kits (၁)ပုံး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁ဝ၅၀၀/-) ကျပ်၊ ဒဏ်ရာရဆေးရုံတက်သူလူနာ(၂)ဦးအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အဝတ် Mask(၁၀)ခု၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၀၅၀၀/-) ကျပ်တိတိအား (၁၉-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_oct2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ ကျောင်းတော်ကလေးကျေးရွာ၊ ပေါက် ချောင်းကျေးရွာနှင့် ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာတို့၌ (၁၉-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ၂၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွ (၂၅၄၆၀၀/-) ကျပ်တိတိအား (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more

  • လေပြင်းဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ဘီးလင်းကျေးရွာအုပ်စု၊ ဘီးလင်းရွာမကျေးရွာနှင့် သုံးဒေါင့်ကန်ကျေးရွာအုပ်စု၊ ညောင်ပတ်ကျေးရွာတို့တွင် (၁၆-၁၀-၂၀၂၀) ရက်နေ့နှင့် (၁၇-၁၀-၂၀၂၀) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၆)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၂၀၀၀၀/-)ကျပ်၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၄၆၀၀/-)ကျပ်တိတိတို့အား (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေ/အုပ်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_oct2020 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်း (၁၆-၁၀-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ လိတ္တူကျေးရွာအုပ်စု၊ ကိုင်းတောကျေးရွာ၌ သစ်ပင်ပိ၍ သေဆုံးခဲ့သူ(၂)ဦး၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေ (၆၀၀၀၀ဝိ/-)၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၄၂၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၂၄၂၀ဝိ/-) တိတိကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၉-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်မိဘပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events