လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်း (၁၆-၁၀-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ လိတ္တူကျေးရွာအုပ်စု၊ ကိုင်းတောကျေးရွာ၌ သစ်ပင်ပိ၍ သေဆုံးခဲ့သူ(၂)ဦး၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေ (၆၀၀၀၀ဝိ/-)၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၄၂၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၂၄၂၀ဝိ/-) တိတိကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၉-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်မိဘပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_oct2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events