လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာ၌ (၁၉-၁၀၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သည့်အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောင်ပံ့ငွေ(၂၉၄၀၀/-)၊ စုစုပေါင်း(၂၂၉၄၀၀/-) ကျပ်တိတိအား (၂၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)