Author Archives: Thandar Aung

  • မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း

    (၁၇-၃-၂၀၁၇) ရက်နေ့တွင် မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရရာ အဆိုပါမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ဖိုးငွေ (၉၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ FamilyKit (၂) ထုပ်နှင့် ပလပ်စတစ်ရေပုံး (၄) ပုံးတို့အား (၁၇-၃-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • လေဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရွေတော်ကျေးရွာတွင် (၁၂-၃-၂၀၁၇) ရက်နေ့ဖြစ်ပွားသော လေဘေးဒဏ်ကြောင့်ဘေးသင့် အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ဆန်ရိက္ခာဖိုးငွေ (၂၀၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၇၀၀၀၀)ကျပ်တို့ကို (၂၁-၃-၂၀၁၇)ရက်နေ့တွင်် ထောက်ပ့ံပေး အပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာ နယ်မြေ-၄တွင် (၅.၁၂.၂၀၁၆) ရက်နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၂)စု လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စုစာ ဆန်ရိက္ခာဖိုးငွေ (၈၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၀၀၀၀၀)ကျပ်တို့ကို (၆.၁၂.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • “အမျိုးသမီးများ အလုပ်အကိုင်အခွင့်အရေးရရှိရေး စီမံကိန်းအသစ်ရှင်းလင်းပွဲ” တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်စကား ပြောကြား

    ရန်ကုန်၊ မတ်လ (၁၉) ရက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံလူဦးရေထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်၍ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ကိုယ်စား မိမိတို့ဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ပြည်သူ့အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ၂၀၁၆ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုတက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများကိုလည်း ထည့်သွင်းဖွဲ့စည်းထားရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းနယ်ပယ်(၁၂)ရပ်ပါရှိသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲထားရှိပြီး လုပ်ငန်းများကို အကောင်အထည်ဖော် … Read more

  • ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ မြစိမ်းကန်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ မြစိမ်းကန်ကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း”ကို (၁၄-၃-၂၀၁၇) ရက်နေ့မှ (၁၆-၃-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ ယင်းသင်တန်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ သရုပ်ပြလေ့ကျင့်ခြင်း Table Top Exercise များဖြင့် လေ့ကျင့်ပို့ချပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ၊ အထောက်အကူပြုပစ္စည်းများ၊ ရေဒီယို၊ Hand Speaker၊ လက်နှိပ်မီး၊ မိုးကာ၊ ကျောပိုးအိတ်၊ တီရှပ်၊ ဦးထုပ်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events