Author Archives: Thandar Aung

  • ကမ္ဘာအော်တစ်ဇင် အမှတ်တရနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်‌ရောက်ဖွင့်လှစ် အမှာစကား‌ြပောကြားမှုသတင်း

    ကမ္ဘာအော်တစ်ဇင် အမှတ်တရနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင်၊ တော်ဝင်နှင်းဆီကွင်း၌ (၂-၄-၂၀၁၇) ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦး၊ ကမ္ဘောဇအနာဂါတ်အလင်းတန်းဖောင်ဒေးရှုင်း ဥက္ကဌ ဒေါ်နမ်းလိုင်းခမ်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား‌ြပောကြားရာ အော်တစ်ဇင်နှင့်ပတ်သက်၍ အသိနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူ့အကျိုးကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိတို့အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒအသစ်များ ချမှတ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းအမျိုးအစား(၄)မျိုးရှိရာတွင် … Read more

  • မြဝတီခရိုင်၊ မြဝတီမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား ၂၃ -၃ -၂၀၁၇ ရက်နေ့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ ၂၅-၃-၂၀၁၇ ရက်နေ့ အမှတ်(၅)ရပ်ကွက် ဓမ္မာရုံ၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း း လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ ရပ်ကွက်တစ်ခု ၁၅၀ ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက်ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့အသိပေးခြင်းအခမ်းအနားဖွင့်လှစ််မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနဟင်္သာတမြို့ရှိသဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ UNDP.Unicef.UN Volunteers တို့ပူးပေါင်း၍ ၂၉-၃-၂၀၁၇ ရက်နေ့တွင်ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့အသိပေးခြင်းအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။၄င်းနောက် UNVမှMr.Juan miguel sanchez ကအမှာစကားပြောကြားခဲ့ပြီးဖွင့်ပွဲအခမ်းအနားအားအောင်မြင်စွာပြီးဆုံးခဲ့ပြီးသင်တန်းအားဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတမြို့ရှိ သင်တန်းကျောင်းကျောင်းအုပ်ကြီး၊ခရိုင်အဆင့့်ဌာနဆိုင်ရာများ၊ပုသိမ်၊ဟင်္သာတ၊ဘိုကလေးမြို့နယ်မှVolunteers ၁၅၀ ဦးနှင့်အဆိိုုပါမြို့နယ်များမှဌာနဆိုင်ရာ ၃၅ ဦးတက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source:ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events