Author Archives: Thandar Aung

  • ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ကျေးလျားကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသည်  ရွှေလွိုင်ကော်နှင့် Saving ပရဟိတလူမှုအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ကျေးလျားကျေးရွာသို့ (၁၂၀၀) ဂါလံဆန့် ရေသယ်ယာဉ်တစ်စီးစီ၊ စုစုပေါင်းရေသယ်ယာဉ် (၃) စီးကို (၁၁-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    (၁၁-၄-၂၀၁၇) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၄) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၉) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးတို့သည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စုစာ၊ Family Kit (၄) စုံနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) ကျပ်၊ … Read more

  • မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ ညောင်ပင်သာကျေးရွာအတွင်း သောက်သုံးရေများ ဖြန့်ဝေမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၇) ရက်နေ့၊ နံနက် (၉းဝ၀) နာရီတွင် မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ညောင်ပင်ချောင် တဲတိုက်၊ အုန်းပင်ချောင် တဲတိုက်၊ ကန်နှစ်ဆင့် တဲတိုက်တို့ရှိ ပြည်သူများအတွက် သောက်သုံးရေဂါလံ (၇၂၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events