Author Archives: Thandar Aung

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၌NGOs/INGOsအဖွဲ့အစည်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေမြို့၌ NGOs/INGOs အဖွဲ့အစည်း(၈)ဖွဲ့မှ လူအင်အား(၁၄)ဦးတက်ရောက်ပြီး ပြည်နယ်ဦးစီးမှူးမှ လိုအပ်သည်များဆွေးနွေးညှိနှိုင်းရှင်းလင်းပြောကြားပြီးမုတ်သုန်အကြိုကာလလေပြင်းဘေးအန္တရာယ်နှင့်ပတ်သတ်၍လည်းကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆွေးနွေးခဲ့ပြီး အဖွဲ့အစည်းများမှလည်း အကြုံပြု ဆွေးနွေးခဲ့ကြပါသည်ကြောင်းသတင်းရရှိပါသည် Source:၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ပြည်သူသို့ပန်ကြားလွှာလက်ကမ်းစာစောင်ဝေငှမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၀-၄-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊သာယာအေးရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့တွင်လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် များအား ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင် များအားလိုက်လံဖြန့်ဝေပေးခဲ့ ကြောင်းသတင်းရရှိပါသည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ထူးခြားမိုးလေဝသ အခြေအနေခန့်မှန်းချက်

    ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၀ ရက် (မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ထူးခြားမိုးလေဝသ အခြေအနေခန့်မှန်းချက် အမှတ်စဉ်(၀၅/၂၀၁၇) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၀.၄.၂၀၁၇)ရက်နေ့မှ (၂၄.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုတ်ခတ်စဉ် … Read more

  • မော်လမြိုင်ကျွန်မြို့နယ်တွင်းလေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုဆောင်ရွက်ခဲ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြည်သူ အိမ်ခြေ(၃၁)လုံးlအိမ်ထောင်စု(၃၁)စုl ဘေးသင့် လူဦးရေ ၁၂၀ ဦး တို့အား (၁၉-၄-၂၀၁၇) ရက်နေ့l(၁၃း၃၀) ချိန်တွင် မော်လမြိုင်ကျွန်မြို့နယ်l ရေတွင်းကုန်းကျေးရွာအုပ်စုlလေးဂွ ကြီးကျေးရွာနှင့်ဘင်္ဂလားကြီးကျေးရွာ တွင် အိမ်ဆောက်ပစ္စည်းထောက်ပံ့ ငွွေ(၃၁၀၀၀၀၀/ိ)lလုံးဝပျက်စီး(၁၆)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး နှင့် အမိုးလန်အိမ်ခြေ (၁၅)လုံး အတွက် ကယ်ဆယ်ရေးပစ္စည် (၄)မျိုးlလူဦးရေ(၁၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၂၀၀၀ိ/)l ငွေကျပ်စုစုပေါင်း(၃၃၅၂၀၀၀ိ/)အား လေဘေးသင့်ပြည်သူထံသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်l မော်လမြိုင်ကျွန်း … Read more

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာဗွီနိုင်းပိုစတာများစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ရခိုင်ပြည်နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည်(၁၉-၄-၂၀၁၇)ရက်နေ့(၁၅းဝ၀)နာရီတွင ် စစ်တွေမြို ့၊ အဝေးပြေးကားကြီးကွင်းတွင် ဗိနိူင်းအားစိုက်ထူခဲ့ပြီး ၊လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များပါဝင်သော ပြည်သူသို့ပန်ကြားလွှာစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းကျေးရွာများလေဘေးသင့်ပြည်သူမျာအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံး မှတာဝန် ရှိသူများသည် (၁၆.၄.၂၀၁၇)ရက်နေ့နှင့် (၁၇.၄.၂၀၁၇)ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းဘေးခံစားခဲ့ရသည့် မဲခေါင်းကျေးရွာနှင့် ကန်စွန်းအင်းကျေးရွာတို့မှ ဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၃)ဦးတို့အား ဆန်ဖိုး(၇)ရက်စာ ၂၇၃၀၀ိ/- ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၂၀၀၀၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား သရက်ခရိုင်၊ အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်အိမ်ထောင်စု(၂)ထံသို့ (၁၈ ့ ၄ ့ ၂၀၁၇ )ရက်နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ ပါကြောင်း … Read more

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ပြည်သူသို့ပန်ကြားလွှာလက်ကမ်းစာစောင်ဝေငှ မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၁၇) ရက်နေ့တွင်ကသာမြို့ သိရိခေမာစျေးနှင့် ပုလွှေရွှေ လှေဆိပ်ကမ်းတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များပါဝင်သော ပြည်သူတို့ပန်ကြားချက် လက်ကမ်းစာစောင် ၃၅၀ ခန့် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source:ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာနေ ပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၁၇) ရက်နေ့တွင် သောက်သုံးရေဖူလုံမှုမရှိသော တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာသို့ ကွင်းဆင်းလျက် ရေသန့်ဘူး ၈ လုံးပါ ၂၀၀ ကဒ် အားထောက်ပ့ံပေးခဲ့ပြီး၊ ရွာ၏ရေချိုထွက်ရှိရာ ရေတွင်းနေရာကို ကြည့်ရှု့ပြီး ရေရှည်သောက်သုံးရေဖူလုံရေး ညှိနှိုင်းဆောင်ရွက်ခဲ့ဲ့ကြောင်းနှင့် လေပြင်းဘေးကြိုတင် ကာကွယ်ရေးပညာပေး ဗွီနိုင်းပိုစတာလည်းချိတ်ဆွဲဲခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ” (Maarutha) အခြေအနေနှင့် မုန်တိုင်းဖြတ်သန်းစဉ်နှင့် ဖြတ်သန်းပြီးချိန်တွင် ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်ခြင်း

    – ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ (၁၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း၊ နောက် (၁၂) နာရီအတွင်းခန့်မှန်းချက်များအရ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းအားလျော့သွားကာ ကုန်းတွင်းမုန်တိုင်ငယ်အဖြစ် ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရပါကြောင်း၊ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ပေါ်နေစဉ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ … Read more

  • ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၈)၊၂၀၁၇

      ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ********************************** (က) ယနေ့မြန်မာစံတော်ချိန် (၁၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးမှ စတင်ဖြတ်ကျော်သင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။   နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် ************************************ (က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းအားလျော့သွားကာ ကုန်းတွင်းမုန်တိုင်ငယ်အဖြစ် ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရပါသည်။   သတိပေးနှိုးဆော်ချက် *********************** (က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ေ်ပါ်နေစဉ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ … Read more

Sign Up

Upcoming Events