လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၁၇) ရက်နေ့တွင် သောက်သုံးရေဖူလုံမှုမရှိသော တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာသို့ ကွင်းဆင်းလျက် ရေသန့်ဘူး ၈ လုံးပါ ၂၀၀ ကဒ် အားထောက်ပ့ံပေးခဲ့ပြီး၊ ရွာ၏ရေချိုထွက်ရှိရာ ရေတွင်းနေရာကို ကြည့်ရှု့ပြီး ရေရှည်သောက်သုံးရေဖူလုံရေး ညှိနှိုင်းဆောင်ရွက်ခဲ့ဲ့ကြောင်းနှင့် လေပြင်းဘေးကြိုတင် ကာကွယ်ရေးပညာပေး ဗွီနိုင်းပိုစတာလည်းချိတ်ဆွဲဲခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)