Author Archives: Thandar Aung
-
ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ မန်ကျည်းကန်ကျေးရွာအတွင်း သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ မန်ကျည်းကန်ကျေးရွာမှ အိမ်ထောင်စု (၁၂၀) စု၊ အိမ်ခြေ (၁၂၀)၊ လူဦးရေ (၅၉၇) ဦးအတွက် သောက်သုံးရေဂါလံ (၄၈၀၀) အား ဆရာတော်ဦးသောဘန (ပခုက္ကူမြို့အာယုသုခရေကုသိုလ်တော်ယာဉ်) Eleven Media Group ရေအလှူတော်ကား၊ ပုညမုဒိတာလူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အင်းတော်မြို့နယ်၊ နန့်ခင့်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့၊ (၁၃းဝ၀-၁၅းဝ၀) နာရီအချိန်တွင် အင်းတော်မြို့နယ်၊ နန့်ခင့်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာသူ \ သား (၅၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေးမျက်နှာမြို့၏ လူစည်ကားရာ လမ်းဆုံ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက် ဗီနိုင်းစိုက်ထူမှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့၏ လူစည်ကားရာ လမ်းဆုံ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက် ဗီနိုင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ စိုက်ထူခဲ့ပြီး ပြည်သူများသို့ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်အတွက် မိုးဦးကာလ ကြိုတင်ပြင်ဆင်မှုအနေဖြင့် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်များ ရေးဆွဲရေး အစည်းအဝေးပြုလုပ်မှုသတင်း
(၄-၅-၂၀၁၇) ရက်နေ့၊ နံနက် (၈း၃၀ – ၁၂း၃၀) နာရီအချိန်တွင် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ၌ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာမျာ၊ UN၊ INGO နှင့် CSO များသည် “ချင်းပြည်နယ်အတွက် မိုးဦးကာလ ကြိုတင်ပြင်ဆင်မှုအနေဖြင့် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်များ ရေးဆွဲရေး အစည်းအဝေး” ကို ကျင်းပခဲ့ရာ ချင်းပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်မှူးက အဖွင့်အမှာစကားများပြောကြားပြီး လိုအပ်သည်များ ပါဝင်ဆွေးနွေး အကြံပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာ၌ သဘာဝဘေးအန ္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လူူဦးရေ (၁၀၀) ဦးခန် ့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှု၀န်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်း/ဌာနငယ်များမှ ကလေးများအား အာဟာရပိုမိုပြည့်ဝစေရန် တစ်နေ့တာ စားစရိတ် နိုင်ငံတော်က တိုးမြှင့်ချထား
၅-၅-၂၀၁၇၊ နေပြည်တော် နိုင်ငံတော် အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် လူမှု၀န်ထမ်းဌာန၏ သင်တန်းကျောင်း/ ဌာနငယ်မှ ကလေးများအတွက် တစ်နေတာ စားစရိတ်ကို ယခင် တစ်ဦးလျှင် (၄၃၂) ကျပ်မှ ယခု (၁၀၀၀) ကျပ်သို့ တိုးမြှင့်ခဲ့သဖြင့် ထိရောက်စွာ အာဟာရပြည့် ကျွေးမွေးနိုင်ရန် အရေးကြီးကြောင်း၊ ကလေးငယ်များ၏ အသက်အရွယ်နှင့် ကိုယ်အလေးချိန်အလိုက် အာဟာရတန်ဖိုးများကို တွက်ချက်၍ ကျွေးမွေးရန် စီစဉ်ထားကြောင်း၊ ကလေးများ၏ ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဦးဏှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် … Read more
-
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ထပ်တိုးရွှေ့ပြောင်းပေးခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၂-၅-၂၀၁၇) ရက်နေ့၊ ညနေပိုင်းမှစတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ထပ်တိုးရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်း၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးတို့အား (၅-၅-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗလဗကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဗလဗကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း … Read more
-
သထုံမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ဒလပန်းကျေးရွာ အမကကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့တွင် သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ဒလပန်းကျေးရွာ အမကကျောင်း၌ ကျေးရွာသူ/ရွာသား (၂၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး နံရံကပ်ပိုစတာများ၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်စာစောင်များဝေငှပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ၌ (၂၆-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၄) လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၉) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၃၉၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၃၉၉၀၀) ကျပ်တိတိကို ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
