
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ မန်ကျည်းကန်ကျေးရွာမှ အိမ်ထောင်စု (၁၂၀) စု၊ အိမ်ခြေ (၁၂၀)၊ လူဦးရေ (၅၉၇) ဦးအတွက် သောက်သုံးရေဂါလံ (၄၈၀၀) အား ဆရာတော်ဦးသောဘန (ပခုက္ကူမြို့အာယုသုခရေကုသိုလ်တော်ယာဉ်) Eleven Media Group ရေအလှူတော်ကား၊ ပုညမုဒိတာလူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)