
(၂-၅-၂၀၁၇) ရက်နေ့၊ ညနေပိုင်းမှစတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ထပ်တိုးရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်း၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးတို့အား (၅-၅-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗလဗကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဗလဗကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)